မကွေးတိုင်းရှိ မြို့နယ် ၂၅ မြို့နယ်တွင် မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှုအရ မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၄၂၀၀၀ ကျော်ရှိကြောင်း တပ်မတော် ၂၆ ကြိမ်မြောက် ထုတ်ပြန်

မကွေးတိုင်းရှိ မြို့နယ် ၂၅ မြို့နယ်တွင် မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှုအရ မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၄၂၀၀၀ ကျော်ရှိကြောင်း တပ်မတော် ၂၆ ကြိမ်မြောက် ထုတ်ပြန်
Published 22 January 2021
မင်းနိုင်စိုး

မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၂၅ မြို့နယ်တွင် တစ်မြို့နယ်နှင့် တစ်မြို့နယ် အပြန်အလှန်စစ်ဆေးမှု (Cross Ckeck) အရမဲ မသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၄၂၈၂၇ ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပုံစံ (၁) နှင့်ပတ်သက်၍ တပ်မတော်၏ စိစစ်တွေ့ရှိချက်များကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပေးနေပြီး ယခုထုတ်ပြန်ချက်သည် မဲစာရင်းစိစစ်တွေ့ရှိချက်နှင့် ပတ်သက်၍ ၂၆ ကြိမ်မြောက် သတင်းထုတ်ပြန်ချက်ဖြစ်သည်။

မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၂၅ မြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းထုတ်ပြန်ချက်အရ ၃၃၁၀၁၃၂ ရှိကြောင်း၊ တပ်မတော်ကစိစစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူစာရင်း (ပုံစံ) အရ ၃၂၄၀၂၅၉ ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တစ်မြို့နယ်ချင်းစိစစ်တွေ့ရှိချက်အနေဖြင့် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၃၃၃၈၄၈ ရှိကြောင်း၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၈၇၉၆၈ ရှိကြောင်းနှင့် မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှုအရ စိစစ်တွေ့ရှိချက်ရ မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၄၂၈၂၇ ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၂၅ မြို့ နယ်၏ မဲစာရင်းပုံစံ (၁) တွင် သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန်ပါဝင်နေသော မဲစာရင်းနှင့်ပတ်သက်၍လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇယားကွက်ဖြင့် အသေးစိတ်ဖော်ပြခဲ့သည်။

မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၂၅ မြို့နယ်အား စစ်ဆေးခဲ့ရာတွင် မြို့နယ်တစ်ခုထက်ပို၍ မဲမသမာမှုဖြစ်စေနိုင်သော ထပ်နေသည့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် အရေအတွက်မှာ ၄၂၈၂၇ ရှိကြောင်း၊ ထပ်နေသည့်ပုံစံမှာ အရေအတွက်အားဖြင့် အောင်လံနှင့် ကံမတွင် ၄၀၃၊ ချောက်နှင့် မကွေးတွင် ၆၁၇၊ မကွေးနှင့် မင်းဘူးတွင် ၁၃၃၇၊ ပခုက္ကူ နှင့် ရေစကြိုတွင် ၁၃၆၈၊ ရေစကြိုနှင့် ဆိပ်ဖြူတွင် ၁၀၄ စသည်ဖြင့်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။  

 

Most Read

Most Recent