လီဗာပူးလ်ကို အနိုင်ရပါက ကမောက်ကမရလဒ်ဖြစ်လိမ့်မည်ဟု မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ဝန်ခံ

လီဗာပူးလ်ကို အနိုင်ရပါက ကမောက်ကမရလဒ်ဖြစ်လိမ့်မည်ဟု မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ဝန်ခံ
Photos : Getty Images
Photos : Getty Images
Published 17 January 2021

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လီဗာပူးလ်အသင်းအား အန်ဖီးလ်ကွင်း၌ အနိုင်ရပါက ကမောက်ကမရလဒ်ဖြစ်လိမ့်မည်ဟု  ဝန်ခံပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် လက်ရှိချန်ပီယံဖြစ်သလို ၂၀၁၇ ခုနှစ် ဧပြီနောက်ပိုင်း အန်ဖီးလ်ကွင်း၌ ကစားသည့် အမှတ်ပေးပွဲ  ၆၇ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားသောကြောင့် ဆိုးလ်ရှားက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

"လာမယ့်ပွဲက အကောင်းဆုံးနဲ့ အရေးကြီးဆုံးပွဲပါပဲ။ အမှတ်ပေးဇယား ရပ်တည်မှုက ကျွန်တော်တို့ကို ယုံကြည်မှုပိုရှိစေပါတယ်။ ဒါပေမဲ့ ဒါက ချန်ပီယံအသင်းနဲ့ ကစားရတာဖြစ်သလို သူတို့က အန်ဖီးလ်မှာ ကစားတဲ့ အမှတ်ပေးပွဲမှာ အံ့အားသင့်စရာ ရလဒ်တွေ ပိုင်ဆိုင်ထားပါတယ်။ သူတို့က အန်ဖီးလ်မှာ ရှုံးပွဲမရှိတာ နှစ်တွေတော်တော် ကြာပြီဆိုတော့ ဒါက ကျွန်တော်တို့အတွက်  ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုပါပဲ။ ကျွန်တော်တို့ အဲဒီနေရာကိုသွားပြီး မမျှော်လင့်တဲ့ရလဒ် ရယူနိုင်မလားဆိုတာ ကြည့်ရပါမယ်။ ပြီးခဲ့တဲ့ ရာသီတချို့ကိုကြည့်လိုက်ရင် အန်ဖီးလ်မှာ သူတို့ကိုအနိုင်ရတာက ကမောက်ကမရလဒ်၊ ရှော့ခ်ရစေတဲ့ရလဒ်ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့အနေနဲ့ အခုအချိန် ဒီနေရာမှာ ရပ်တည်နေနိုင်တာက လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန်ကြိုးစားမှုရဲ့ ရလဒ်နဲ့ ကစားသမားတွေရဲ့ နေ့စဉ်နေ့တိုင်း အားထုတ်မှုကြောင့်ပါ။ အခုအချိန် ဒီနေရာမှာ ရပ်တည်နိုင်ဖို့ ထိုက်တန်မှုရှိတယ်ဆိုပေမဲ့ အန်ဖီးလ်မှာ ကျွန်တော်တို့သာ လီဗာပူးလ်ကို အနိုင်ရခဲ့ရင် ကမောက်ကမရလဒ်ဆိုတာက လွဲပြီး တခြားစကားလုံး မစဉ်းစားမိပါဘူး" ဟု ၎င်းက ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Most Read

Most Recent