သရုပ်ဆောင်ဆိုတာ အပြင်မှာနဲ့မတူတဲ့ဆန့်ကျင်ဘက် ကာရိုက်တာကိုလုပ်နိုင်မှ ကိုယ့်ကိုကိုယ်သရုပ်ဆောင်တစ်ယောက်လို့ခေါ်နိုင်မယ်-ထက်ထက်ထွန်း

သရုပ်ဆောင်ဆိုတာ အပြင်မှာနဲ့မတူတဲ့ဆန့်ကျင်ဘက် ကာရိုက်တာကိုလုပ်နိုင်မှ ကိုယ့်ကိုကိုယ်သရုပ်ဆောင်တစ်ယောက်လို့ခေါ်နိုင်မယ်-ထက်ထက်ထွန်း
Published 14 January 2021

 

“ဇာတ်လမ်းတွဲလေးက သမီးဆိုးဆိုတဲ့အတိုင်း သမီးဆိုးကာရိုက်တာနဲ့ထက်ကိုမြင်တွေ့ရမှာပါ၊ဒီကာရိုက်တာက မိဘအပေါ်မှာရော ပတ်ဝန်းကျင်အပေါ်မှာရော လူမှုရေးမသိတတ်တဲ့ လုံးဝကိုစည်းဘောင်မရှိအောင်ဆိုးနေတဲ့ သမီးဆိုးပေါ့၊ အရမ်းဆိုးရတယ် မိုက်ရတယ်ဆိုတော့ အပြင်ပိုင်းကာရိုက်တာပုံစံရော အဓိကပိုခက်ခဲတာက စိတ်ပေါ့နော် အပြင်မှာပြောနေဆိုနေကျပုံစံမဟုတ်တော့ အရမ်းပင်ပန်းတယ်’’ သရုပ်ဆောင်ထက်ထက်ထွန်းကအခုလိုပဲပြောပါတယ်။

Most Read

Most Recent