အဆိုတော် ရဲလေး၏ Birthday Show ကို ဇန်နဝါရီ ၁၁ ရက်တွင် အွန်လိုင်းဖျော်ဖြေပွဲအဖြစ် တင်ဆက်မည်ဟု သိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို YLJK Entertainment က စီစဉ်တင်ဆက်မည်ဟု သိရသည်။
“ ဒီပွဲလေးလုပ် ဖြစ်တာကတော့ အားလုံးကဖျော်ဖြေမှုတွေ လိုနေပြီ။ ဒီရောဂါဆိုးကြီးကိုကျော်ဖြတ်ရတဲ့ အချိန်ကာလတွေလည်း ကြာလာတော့ အားလုံးလည်း ငြီးငွေ့လာတဲ့အတွက် ပရိသတ်တွေက By Name နဲ့တောင်းဆိုလာတာလေးတွေ ရှိတယ်။ အဲဒီအတွက် စဉ်းစားရင်းနဲ့ ဒီ Birthday Show လေးကို လုပ်ဖြစ်သွားတာပါ။ ဒီပွဲလေးကို အကောင်းဆုံး ဖျော်ဖြေတင်ဆက်သွားမှာပါ။ မလုပ်တာလည်းကြာပြီဖြစ်လို့ ချစ်စရာကောင်းတဲ့ တင်ဆက်မှုလေးဖြစ်အောင် ၂၀၂၁ ခုနှစ်ရဲ့နှစ်စပိုင်းမှာ လုပ်ဖြစ်သွားတာပါ။ ကျွန်တော့်ရဲ့ ပရိသတ်တွေအတွက် သေချာလေးအချိန်ယူပြီး စီစဉ်ထားပါတယ်။ ဒီပွဲလေးမှာ ကျွန်တော့်ရဲ့ရူးသွပ်မှုတွေကို မြင်ရမှာပါ။ ဒီပွဲမှာ ဧည့်သည့် အနုပညာရှင်တွေအဖြစ် ကျွန်တော်နဲ့ လက်တွဲခဲ့တဲ့အနုပညာရှင်တွေပါဝင်မှာပါ။ ပရိသတ်အားပေးခဲ့ကြတဲ့ သီချင်းတွေလည်း တင်ဆက်မှာပါ။ အဲဒီနေ့မှာ ဆုံကြဖို့အတွက် အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု YKJK Entertainment ၏ Facebook Page တွင် ရဲလေးက ပရိသတ်များကို အသိပေးပြောကြားထားသည်။
ယင်းဖျော်ဖြေပွဲကို YLJK Entertainment ၊ Ye’ Lay တို့၏ Offical Facebook Page နှင့် Youtube တို့အပြင် Joker-Jwee Facebook တို့တွင် ဇန်နဝါရီ ၁၁ ရက် ည ၇ နာရီအချိန်၌ တင်ဆက်မည်ဟု သိရသည်။









