၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားအား ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပ

၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားအား ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပ
Published 4 January 2021
နေဝန်းထက်

၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားအား ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်၌  မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် စိုက်ထူထားသော ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအား သက်ဆိုင်ရာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလံလွှင့်တင်ခဲ့ပြီး တက်ရောက်လာကြသူများက အလေးပြုခဲ့ကြသည်။

ယင်းသို့ အလံလွှင့်တင်ပြီးနောက် နံနက် ၇ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အလံတင် အခမ်းအနားသို့ တက်ရောက်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့သည့် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားပေးခဲ့ပြီး၊ ယင်းအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးပြီးသည့် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ကို ပြုလုပ်ခဲ့သည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် ယခုနှစ်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားအား အကျဉ်းရုံး၍သာ ပြုလုပ်ခဲ့ပြီး ဧည့်သည် ၁၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent