နိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၂၃ ရက်တွင် နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁ ဒသမ ၉ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း လက်ရှိအချိန်အထိ ဝယ်ယူမှု ဒေါ်လာ ၃၀၃ ဒသမ ၇ သန်း၊ ရောင်းချမှု ဒေါ်လာ ၅ ဒသမ ၇ သန်းရှိ

နိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၂၃ ရက်တွင် နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁ ဒသမ ၉ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း လက်ရှိအချိန်အထိ ဝယ်ယူမှု ဒေါ်လာ ၃၀၃ ဒသမ ၇ သန်း၊ ရောင်းချမှု ဒေါ်လာ ၅ ဒသမ ၇ သန်းရှိ
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ်
Published 23 December 2020
စည်သူအောင်

နိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၂၃ ရက်တွင် နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁ ဒသမ ၉ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း လက်ရှိအချိန်အထိ ဝယ်ယူမှု ဒေါ်လာ ၃၀၃ ဒသမ ၇ သန်း၊ ရောင်းချမှု ဒေါ်လာ ၅ ဒသမ ၇ သန်းရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

နိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စျေးပြိုင်လေလံမှတစ်ဆင့် ၂၀၂၀ ပြည့်နှစ် ဒေါ်လာစျေး မြင့်တက်မှုကြောင့် ဒီဇင်ဘာ ၁၄ ရက်တွင် ဒေါ်လာ သုံးသန်း ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင်   ဒေါ်လာစျေး ပြန်လည်ကျဆင်းမှုကြောင့် ဒေါ်လာ ၁ ဒသမ ၉ သန်း ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာ ၂၃ ရက်အထိ လအလိုက် ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ် လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာ တွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ် လာတစ်သိန်း၊ ဒီဇင်ဘာ ၁ ရက်မှ ၂၃ ရက် အထိ ဒေါ်လာ ၁ ဒသမ ၉ သန်းဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ဒေါ်လာသုံးသန်း ပြန်လည်ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံး သီးသန့်အရန် ငွေဖြည့်တင်းရန် နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်တွင် အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက်ကို အကောင်အထည် ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေ စျေးပြိုင်လေလံကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင် လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက် များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer – AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ် သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း  အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက် တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေ လဲလှယ်နှုန်းနှင့် ယခင်ရက် ရည်ညွှန်းငွေလဲ လှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်း ယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုးမြင့် တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင် ရွက်ခြင်း၊ နိုင်ငံတော်၏   နိုင်ငံခြားသုံးသီးသန့် အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းကို ပြီးခဲ့သည့်ရက် ပေါင်း ၂၀ အတွင်းဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာ ကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ် နှုန်းနှင့်နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက် အရ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံး လဲလှယ်နှုန်းနှင့် အနိမ့်ဆုံး လဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံး သီးသန့်အရန်ငွေ ဖြည့်တင်းရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံခြားငွေ စျေးပြိုင်လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်၌ ရှိနေစေရန်ဖြစ်စေ၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်း မဟုတ်ကြောင်း ဗဟိုဘဏ်က အသိပေး ကြေညာထားသည်။

 

Most Read

Most Recent