အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၇၀၀ နီးပါးအနက် ရောဂါစတင် ဖြစ်ပွားစဉ်မှ လက်ရှိအထိ COVID-19 ပိုးကူးစက်ခံရသူ ၁၆၀ ကျော်ရှိကြောင်း အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာ မာမာကြည်က ပြောကြားသည်။
“ ၆၉၈ ယောက်ရှိတဲ့ ဆေးရုံမှာ ၁၆၀ နီးပါး COVID-19 Positive ဖြစ်သွားတယ်။ ကျွန်မတို့ဆရာဝန်တွေမှာ ခန္ဓာကိုယ်ထဲမှာ နာကျင်တာတွေ အနံ့အရသာပျက်တာတွေ မောပန်းတာတွေ ခံစားနေရပြီး စိတ်လည်း တော်တော်လေးဖိစီးနေပါတယ်။ ကျွန်မ လည်း ဘယ်တော့ဖြစ်မလဲဆိုပြီး ရင်တထိတ် ထိတ်ပဲ။ တစ်နေ့ကို ပြင်ပလူနာတွေ အတွင်း လူနာတွေကြည့်ရတယ်။ တစ်နေ့မဟုတ် တစ်နေ့ ကျွန်မတို့လည်း ထိမှာပဲ။ ဒီတိုက်ပွဲ ကြီးက ဘယ်လောက်ကြာမလဲ မသိဘူးလေ။ ဆေးရုံဆိုတာ ဌာနချုပ်လေ။ ပြိုလဲလို့ မရဘူး။ ဌာနချုပ်ပြိုရင်တော့ သွားပြီပဲ။ ဆရာဝန် တွေအကုန်ကျမယ်။ ပြည်သူတွေကျမယ်ဆို ရင် မဖြစ်ဘူး” ဟု ပါမောက္ခ ဒေါက်တာမာ မာကြည်က ပြောကြားသည်။
COVID-19 ကုသရေးဆေးရုံကြီးနှင့် ကုသရေးဌာနများတွင် လုပ်ကိုင်နေသော ကျန်းမာရေးဝန်ထမ်း၊ ကုသမှုအထောက်အ ကူပြုပညာရှင်များအလုပ်ဝန်ပိနေ၍ အဆင် ပြေ စေရန်လိုအပ်သည်များ ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်က နေ ပြည်တော်၌ ပြုလုပ်သည့် COVID-19 ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးနှင့် လူနာသေဆုံးမှုများ ကျဆင်းစေရေး ဆွေး နွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြား ထားသည်။
“ကျွန်မတို့တိုင်းပြည်မှာ ဆီးချိုက ၁၀၀ မှာ ၂၀ လောက်ဖြစ်နေတယ် ။ သွေးတိုးက ၁၀၀ မှာ ၃၀ လောက်ဖြစ်တယ်။ ကျန်းမာရေး အဆင့်အတန်း နိမ့်နေသေးတယ်။ အာဆီယံ Level တောင် မရသေးဘူး။ အဲဒီတော့ မကူးစက်တတ်တဲ့ရောဂါတွေ ဖြစ်တာများ ပြီး ဒီလူနာတွေမှာ COVID ဖြစ်တော့ ဘယ်ခံနိုင်ပါ့မလဲ။ လူတွေက တတ်နိုင်ရင် ပုဂ္ဂလိ ကဆေးရုံကြီးတွေသွားတယ်။ အဲဒါ မတတ် နိုင်ရင် ပြနေကျ အထွေထွေဆေးခန်းတွေ သွားတယ်။ အဲဒါမှမပြဘူး ချွေတာချင်သေး တယ်ဆိုရင် စပ်ဆေးတွေ ကို ကိုယ့်ဘာသာ ဝယ်သောက်တဲ့အကျင့် ရှိတယ်။ အဲဒီလို စပ် ဆေးသောက်ထားတဲ့အတွက် တချို့ရောဂါ တွေရနေတယ်။ အဲဒီလူတွေကို COVID ဝင်တော့ဆိုးဆိုးရွားရွား တုံ့ပြန်မှုတွေဖြစ်လာ တယ်။ လူနာကို စတွေ့တဲ့အချိန်မှာ ကျောက်ကပ်ပျက်နေပြီ။ စတွေ့တဲ့အချိန် ရှော့ရနေ ပြီ။ စတွေ့တဲ့အချိန် နှလုံးထိနေပြီ။ ဒီလူနာတွေကို ကျွန်မတို့ ဆယ်မရတာ ကျွန်မတို့အတွက် အရမ်းခက်ခဲပါတယ်” ဟု ပါမောက္ခ ဒေါက်တာမာမာကြည်က ပြောကြားသည်။
COVID-19 ကူးစက်မှုများ ဆက်လက် များပြားနေပါက မနိုင်မနင်း ဖြစ်လာနိုင်ပြီး ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများအား ငဲ့ညှာသောအားဖြင့် ရောဂါကာကွယ်ရေး စည်းကမ်းများကို အလေးထား လိုက်နာကြရန် ဒီဇင်ဘာ ၁၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ကုသရေးဌာနများ၏ စီမံခန့်ခွဲမှု တာဝန်ခံဆရာဝန်ကြီးများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်း အဝေးမှတစ်ဆင့် ပြည်သူများထံ ပြောကြား လိုသည်မှာ မိမိတို့နိုင်ငံလူဦးရေနှင့် နှိုင်းယှဉ် ပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ နတွင်ရှိသည့် နည်းပါးသော ပြည်သူ့ကျန်း မာရေးနှင့် ကုသရေးဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများနှင့် အထောက်အကူပြုပညာရှင် များသည် ဝန်နှင့်အား မမျှစွာ နေ့မအား၊ ည မနားဆောင်ရွက်နေရပြီး COVID-19 ကူး စက်မှုများ ဆက်လက်များပြားနေပါက မနိုင် မနင်းဖြစ်လာမည့်အချက်နှင့် ထိုသို့ ဆောင် ရွက်နေရသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ငဲ့ညှာသောအား ဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ရေး စည်းကမ်းများကို အလေးထားလိုက်နာပေးကြရန်ဆိုသည့် အချက်ဖြစ်ကြောင်း နှင့် ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်၌ အထူးသဖြင့် စျေးများ၊ စက်ရုံအလုပ်ရုံများတွင် COVID-19 ကာကွယ်ရေး စည်းကမ်းမလိုက်နာသူများအား အချင်းချင်း အသိပေးခြင်းနှင့် သတိပေးခြင်းတို့ ပြုလုပ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့ပြင် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း COVID-19 ကာကွယ်ရေး စည်းကမ်းချက်များကို ပြည်သူလူထုအတွင်း ပိုမိုလိုက်နာကြစေရေး ပိုမိုကြီးကြပ် ဆောင်ရွက်ပေးစေလိုကြောင်း၊ COVID-19 ကုသရေးဌာန ၁၄ ခု၏ လိုအပ်ချက်များကို ဝန်ကြီးဌာန၏ ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲမှ ချက်ချင်း ဖြည့်တင်းပေးလျက်ရှိကြောင်း၊ ထပ်မံ လိုအပ်ချက်များရှိပါက ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲသို့ ချက်ချင်းဆက်သွယ်၍ တောင်းခံနိုင်ကြောင်းနှင့် အမြန်ဆုံး ဆောင်ရွက်ပေးရန်ကိုလည်း ညွှန်ကြားထားပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။















