ပုဂ္ဂလိကဆေးရုံများတွင် COVID လူနာများ ထားရှိကုသရေး အမြန်လုပ်သင့်ပြီ

ပုဂ္ဂလိကဆေးရုံများတွင် COVID လူနာများ ထားရှိကုသရေး အမြန်လုပ်သင့်ပြီ
မန္တလေးမြို့ ဧရာဝတီစင်တာ COVID-19 အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရောဂါပြင်းထန်သူများအား ဆေးဝါးကုသပေးနေစဉ်
မန္တလေးမြို့ ဧရာဝတီစင်တာ COVID-19 အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရောဂါပြင်းထန်သူများအား ဆေးဝါးကုသပေးနေစဉ်
Published 13 December 2020
အိသဥ္ဇာကျော်

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၌ ပုဂ္ဂလိကဆေးရုံပေါင်း ၅၀ ကျော်ရှိသည့်အနက် COVID-19 လူနာများ လက်ခံကုသနိုင်ရန် အဆိုပြုလျှောက်ထားခဲ့သည့် ဆေးရုံနှစ်ရုံကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ထားသည်ဟု သိရသည်။

ပုဂ္ဂလိက ဆေးရုံများ၌ COVID-19 လူနာများ လက်ခံကုသနိုင်ရန် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးရှိ ဆေးရုံများကို အဆိုပြုလျှောက်ထားစေခဲ့ခြင်းနှင့် ပတ်သက်၍ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က “ ပုဂ္ဂလိကဆေးရုံတွေမှာလည်း COVID-19 လူနာတွေကို လက်ခံကုသနိုင်ဖို့အတွက် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ ဆေးရုံတွေကို အဆိုပြုလျှောက်ထားစေပြီး ဒါတွေကို ကွင်းဆင်းစစ်ဆေး Assessment Team အနေနဲ့ ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ဆေးရုံတွေမှာ ပြင်ဆင်ခဲ့တဲ့အချက်တွေအတိုင်း လူနာတွေကို လက်ခံကုသနိုင်ဖို့အတွက် စစ်ဆေးဖို့၊ ပိုးတွေ့တယ်ဆိုရင် ဆေးရုံတွေမှာပဲ ဆက်လက်ပြီး Clinical Management Team တွေ လိုအပ်မယ့်ကုသမှုတွေ၊ လိုအပ်တဲ့ ကာကွယ်မှုတွေ တကယ်လို့ Serious ဖြစ်လာမှသာ ကျွန်တော်တို့ ဆေးရုံတွေနဲ့ချိတ်ဆက်ပြီး လွှဲပြောင်းနိုင်ဖို့တွေကိုလည်း ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။