ဘွန်ဒစ်လီဂါပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်
Photos: Getty Images
Photos: Getty Images
Published 12 December 2020

ဒေါ့မွန် - စတုဂတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက် ည ၉:၀၀ နာရီ)

ဒေါ့မွန်အသင်း (၂)ပွဲဆက်နိုင်ပွဲပျောက်နေမှုကို အဆုံးသတ်ရတော့မှာပါ။ ဒါပေမဲ့ ဟော်လန်း ဒဏ်ရာရနေတဲ့ တိုက်စစ်ပိုင်းကို နည်းပြ လူစီယန်ဖာက ပုံစံအမျိုးမျိုး စမ်းသပ်နေတာ တွေ့ရပြီး စိတ်ကြိုက်ဖြစ်ပုံ မပေါ်သေးဘူး။ ဟော်လန်း မပါဝင်တဲ့ (၃)ပွဲမှာ ဒေါ့မွန်အသင်း (၄)ဂိုးသာ သွင်းနိုင်ခဲ့ပြီး ဒီ(၄)ဂိုးမှာလည်း တိုက်စစ်ပိုင်းက သွင်းယူတာဆိုလို့ တစ်ဂိုးပဲရှိခဲ့ပါတယ်။  စတုဂတ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ(၉)ပွဲ မှာ ဘိုင်ယန်တစ်သင်းတည်းကိုသာ အရေးနိမ့်ထားလို့ တန်းတက်အသင်းဆိုပေမဲ့ ခြေစွမ်းတည်ငြိမ်တယ်လို့ ပြောရမယ်။  ဒေါ့မွန် ဂိုးပြတ်ဖို့မလွယ်ဘူး။

မိုချန်ဂလာဘတ် - ဟာသာဘာလင် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက် ည ၉:၀၀ နာရီ)

ချန်ပီယံလိဂ်ပွဲတွေ ကစားထားရလို့ မိုချန်ဂလာဘတ်အသင်း ပွဲပန်းနေနိုင်တယ်။ ဒါပေမဲ့ ဇယားထိပ်ကအသင်းတွေနဲ့ အမှတ်ပြတ်မသွားဖို့ မိုချန် အနိုင်ကစားဖို့များတယ်။

ဖရိုင်းဘတ် - အာမီးနီးယား (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက် ည ၉:၀၀ နာရီ)

တန်းတက် အာမီးနီးယားက နောက်ဆုံးပွဲမှာ နိုင်ပွဲပြန် တွေ့ထားတယ်။ ဒါပေမဲ့ နိုင်ပွဲပြန်ရှာဖို့လိုနေပြီဖြစ်တဲ့ ဖရိုင်းဘတ်အသင်းကိုပဲ ရွေးချယ်တာ ပိုကောင်းမယ်။

​​​​​​​

လိုက်ပ်ဇစ် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက် ည ၉:၀၀ နာရီ)

လိုက်ပ်ဇစ်အနေနဲ့ ချန်ပီယံလိဂ်ကြောင့် ပွဲပန်းနေနိုင်ပေမဲ့ နောက်တစ်ဆင့်တက်ထားလို့ စိတ်ဓာတ်တက်ကြွနေနိုင်တာ ထည့်တွက်ရမှာပါ။ ဝါဒါဘရီမင်က ဆက်တိုက်သရေကျပြီး နိုင်ပွဲပျောက်နေရာကနေ ရှုံးပွဲပါပြန်ဆက်လာတာ တွေ့ရတယ်။ ဘွန်ဒစ်လီဂါဘက်ကို လုံးဝအာရုံစိုက်တော့မယ့် လိုက်ပ်ဇစ်ဘက်ကပဲ ရပ်တည်သင့်တယ်။

မိန့်ဇ် - ကိုလုံး (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက် ည ၉:၀၀ နာရီ)

ကိုလုံးအသင်းက အဝေးကွင်းမှာ ရလဒ်ကောင်းတွေယူထားတာတွေ့ရတယ်။ ဒီပွဲလည်း ကိုလုံး အမှတ်ထပ်ယူဦးမယ် ထင်တယ်။

အူန်ယွန်းဘာလင် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက် ည ၁၂:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ နိုင်ပွဲထပ်ပျောက်ခဲ့ရပေမဲ့ အဝေးကွင်းမှာတော့ နိုင်ပွဲတွေဆက်နေတာ တွေ့ရတယ်။  ဥရောပပွဲတွေပြီးသွားလို့ ဘိုင်ယန်အနေနဲ့ ဘွန်ဒစ်လီဂါမှာ အသင်းရဲ့ရပ်တည်မှုကို ပိုခိုင်မာအောင် ဖိဖိစီးစီးလုပ်ဆောင်သွား ဖို့ရှိပါတယ်။ အူန်ယွန်းဘာလင်ရဲ့ရာသီအစပိုင်း စွမ်းဆောင်ရည်ကတော့ ဘာပဲပြောပြော အသိအမှတ်ပြုရပါလိမ့်မယ်။ ဒါပေမဲ့ ခံစစ်က (၂)ပွဲဆက် (၃)ဂိုးစီ ပေးထားရပြီး အကျဘက်ကို ပြန်ဆင်းလာပြီလားဆိုတာ သတိထားစရာပါ။ ဒီလိုအချိန်မှာ ဘိုင်ယန်လိုအသင်းနဲ့ လာဆုံတွေ့နေလို့ အခြေအနေတော့ မကောင်းနိုင်ဘူး။ ဘိုင်ယန်ပဲ ရွေးချယ်သင့်တယ်။

Most Read

Most Recent