၂၀၂၁ ခုနှစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကို ဂျပန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အသင်း အရေအတွက် မတိုးမြှင့်သေးဘဲ လက်ရှိပုံစံ အတိုင်း ခုနစ်သင်းဖြင့်သာ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် (FIFA) က သောကြာနေ့တွင် ထုတ်ပြန် ခဲ့သည်။
(FIFA) သည် မူလက ၂၀၂၁ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်နှင့် ဇူလိုင်လအတွင်း တရုတ်နိုင်ငံ၌ကျင်းပရန် စီစဉ်ထားပြီး အသင်း အရေအတွက်ကိုလည်း ၂၄ သင်းအထိ တိုး မြှင့်ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။ သို့သော် COVID-19 ရောဂါဖြစ်ပွား မှုကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲနှင့် ကိုပါအမေ ရိကဖလားပြိုင်ပွဲကို လာမည့်နှစ် ဇွန်-ဇူလိုင် တွင် ပြောင်းလဲကျင်းပမည်ဖြစ်ရာ FIFA အနေဖြင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း မတိုးမြှင့်သေးဘဲ
လက်ရှိပုံစံအတိုင်းသာ ဆက်လက်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ ၂၀၂၁ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒီဇင်ဘာတွင် ကျင်းပမည်ဖြစ်ပြီး ဂျပန်နိုင်ငံ အနေဖြင့် ယင်းပြိုင်ပွဲကို ကိုးကြိမ်မြောက် လက်ခံကျင်းပခွင့်ရခြင်းဖြစ်သည်။
ယခုနှစ် ဒီဇင်ဘာတွင် ကာတာနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသည့် ၂၀၂၀ ပြိုင်ပွဲကို ဖေဖော်ဝါရီတွင် ပြောင်းလဲကျင်းပမည်ဖြစ် သောကြောင့် လာမည့်နှစ်တွင် ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲ (၂)ပွဲ ကျင်းပရမည်ဖြစ်သည်။ ၂၀၂၀ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖေဖော် ၀ါရီ (၁) ရက်မှ (၁၁) ရက်အထိ ကျင်းပမည်ဖြစ် ပြီး ပြိုင်ပွဲဝင်ခုနစ်သင်းအနက် သုံးသင်းထွက် ပေါ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။















