ဂိုးသမား အယ်လစ်ဆန် (၂)ပတ် အနားယူရမည်ဟု ကလော့ပ်အတည်ပြု

ဂိုးသမား အယ်လစ်ဆန် (၂)ပတ် အနားယူရမည်ဟု ကလော့ပ်အတည်ပြု
Photo: Liverpool FC
Photo: Liverpool FC
Published 3 December 2020

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က  ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်မှာ တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်(၂)ပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ် လီဗာပူးလ်(၁-၀)အေဂျက်စ်ပွဲတွင် အယ်လစ်ဆန် မပါဝင်နိုင်ခြင်းကြောင့် ကလော့ပ်အား မီဒီယာများက မေးမြန်းခဲ့ရာ ၎င်းက အယ်လစ်ဆန်မှာ တံကောက်ကြောဒဏ်ရာရှိနေကြောင်း၊ (၁၀)ရက်မှ (၁၄) ရက်အထိ အနားယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်တွင် ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်၊ ကီတာ၊ အာနိုးလ် ၊ သီယာဂို၊ မီလ်နာ၊ ရှာကီရီ အစရှိသူတို့မှာလည်း ဒဏ်ရာများကြောင့် အနားယူနေရသည်။

Most Read

Most Recent