နွေရာသီတွင် မန်စီးတီးအသင်းကို ဖာနန်ဒင်ဟို စွန့်ခွာမည်

နွေရာသီတွင် မန်စီးတီးအသင်းကို ဖာနန်ဒင်ဟို စွန့်ခွာမည်
Photos : Getty Images
Photos : Getty Images
Published 2 December 2020

မန်စီးတီးအသင်း၏ ၀ါရင့်ကွင်းလယ်လူတစ်ဦးဖြစ်သူ ဖာနန်ဒင်ဟို (၃၅ နှစ်)သည် လာမည့်နွေရာသီတွင် မန်စီးတီးအသင်းကို စွန့်ခွာရန် စီစဉ်နေကြောင်း သိရှိရသည်။ 

ဖာနန်ဒင်ဟို သည် မန်စီးတီးအသင်းတွင် ၂၀၁၃ ခုနှစ်ကတည်းက ကစားခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီတွင် အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၅)ပွဲအပါ အဝင်ပြိုင်ပွဲစုံ (၈)ပွဲသာ ကစားခွင့်ရရှိထားသည်။ 

ဖာနန်ဒင်ဟိုအား မေဂျာလိဂ်ကလပ်အသင်းအချို့နှင့် သူ၏ဇာတိမြေမှ ဘရာဇီးလ်ကလပ်အသင်း အချို့က ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း သတင်းများထွက်ပေါ်နေပြီး ၎င်းအနေဖြင့် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြည်ပ ကလပ်အသင်းများနှင့် လွတ်လပ်စွာဆွေးနွေးခွင့်ရှိကြောင်း သိရှိရသည်။ 

Most Read

Most Recent