PSG နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲတွင် ဒူးဒဏ်ရာရနေသည့် ဒီဟေးယားနေရာ၌ လူငယ်ဂိုးသမား ဟန်ဒါဆန်ကို မန်ယူအသင်း ပွဲထွက်ခွင့်ပေးဖွယ်ရှိ

PSG နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲတွင် ဒူးဒဏ်ရာရနေသည့် ဒီဟေးယားနေရာ၌ လူငယ်ဂိုးသမား ဟန်ဒါဆန်ကို မန်ယူအသင်း ပွဲထွက်ခွင့်ပေးဖွယ်ရှိ
Photos : Getty Images
Photos : Getty Images
Published 2 December 2020

PSG အသင်းနှင့် ယနေ့ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲစဉ်တွင် မန်ယူအသင်း၌ ဒူးဒဏ်ရာရနေသည့် နံပါတ်တစ်ဂိုးသမား ဒီဟေးယားနေရာ၌ လူငယ်ဂိုးသမား ဟန်ဒါဆန်ကို ပွဲထွက်ခွင့်ပေးဖွယ်ရှိနေကြောင်းသိရသည်။

ဒီဟေးယားသည် သူ၏ဒူးဒဏ်ရာကို နိုဝင်ဘာလ ၃၀ ရက်က Scan စစ်ဆေးမှုခံယူခဲ့သော်လည်း ဒဏ်ရာအခြေအနေနှင့်ပတ်သက်သည့်သတင်းများ ထွက်ပေါ်မလာခဲ့ကြောင်း သိရသည်။ 

ရှက်ဖီးယူနိုက်တက်အသင်းတွင် အငှားကစားနေရာမှ ပြန်လာပြီး မန်ယူအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့သူ ဟန်ဒါဆန်သည် ဒီဟေးယား၏နံပါတ်တစ်နေရာကို စိန်ခေါ်နိုင်မည့်သူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော်လည်း လတ်တလောတွင် မျှော်လင့်ထားသကဲ့သို့ ခရီးမတွင်သေးဘဲရှိနေသည်။ 

မန်ယူအသင်း၏အဓိကပွဲများတွင် ဒီဟေးယားသာ ပွဲထွက်ခွင့်ရခဲ့ပြီး ဟန်ဒါဆန်မှာမူ လူတန်၊ ဘရိုက်တန်အသင်းများနှင့် လိဂ်ဖလားပွဲ၊ ဘာရှက်ဆီဟီအသင်းနှင့် ချန်ပီယံလိဂ်ပထမအကျော့ ပွဲများသာ ပွဲထွက်ခွင့်ရရှိခဲ့သည်။

Most Read

Most Recent