Nations League အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Nations League အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 5 September 2024

ပေါ်တူဂီ နှင့် ခရိုအေးရှား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

ပေါ်တူဂီအသင်းက သူတို့အသင်းနောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တယ်။ ဂျော်ဂျီယာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးမရခဲ့သလို ဆလိုဗေးနီးယားကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ နိုင်တဲ့ပွဲမှာ ဂိုးမရဘူး၊ ပြင် သစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးတဲ့ပွဲမှာ ဂိုးမရခဲ့ဘူး။ ခရိုအေးရှားကလည်း ယူရို-၂၀၂၄ မှာ စိတ်ပျက်စရာ ဖြစ်ခဲ့တဲ့အသင်းပါ။ လက်ရှိအချိန်မှာ မာတီနက်ဇ်ရဲ့အသင်းက အရည်အသွေးမြင့် ကစားသမားတွေ ပိုများနေတဲ့အသင်းဖြစ်ပြီး  ခရိုအေးရှားကတော့ မြင်နေကျဝါရင့်ကစားသမားတွေနဲ့ပဲ ပွဲထွက်လာဦးမယ်။ ပေါ်တူဂီကို ကြိုက်တယ်။ 

စကော့တလန် နှင့် ပိုလန် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

လက်ရှိရလဒ်ပိုင်းကိုကြည့်ရင် (၂)သင်းအကြား ကွာဟချက်သိပ်မရှိပါဘူး။ ဒါပေမဲ့ စကော့တလန်က ကစားသမားကောင်းတွေရှိပေမဲ့ ခြေစွမ်းတည်ငြိမ်မှုကင်းမဲ့နေတယ်လို့ ဆိုရမယ်။ တွမ်မီနေးက အသင်းရဲ့ ကွင်းလယ်ကို ကောင်းကောင်း ဦးဆောင်နိုင်ပေမဲ့ တိုက်စစ်ကတော့ ရုန်းကန်နေရဆဲပဲ။ လီဝန်ဒေါစကီး ဦးဆောင်လာမယ့် ပိုလန်ရဲ့ တိုက်စစ်ကလည်း ထင်သလောက်အလုပ်မဖြစ်သေးဘူး။ မီလစ်ခ်၊ ပီယွန်တက်ခ်တို့လို တိုက်စစ်မှူးတွေနဲ့ တွဲဖက်မှုအပိုင်းမှာ လိုအပ်ချက်တွေရှိနေသေးတယ်။ သရေကျဖို့များတယ်။

အဇာဘိုင်ဂျန် နှင့် ဆွီဒင် (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)

နောက်ဆုံးကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ အဇာဘိုင်ဂျန်က ဆွီဒင်ကို ဂိုးပြတ်နိုင်ခဲ့တယ်။ လက်ရှိ ဆွီဒင်ရဲ့ ပုံစံကိုကြည့်ရင်လည်း အားနည်းချက်တွေ များနေတယ်လို့ ဆိုရမယ်။ အီဆက်ခ်၊ ကူလူဆက်ဗ်စကီးတို့လို ကြယ်ပွင့်ကစားသမားတွေကို ပိုင်ဆိုင်ထားပေမဲ့ ဆားဘီးယားနဲ့ ကစားခဲ့တဲ့ နောက်ဆုံးခြေစမ်းပွဲမှာလည်း ဂိုးပြတ်ရှုံးနိမ့်ခဲ့တယ်။ ဒီပုံစံနဲ့တော့ အဇာဘိုင်ဂျန်ကွင်းမှာ ဆွီဒင်အသင်း နိုင်ပွဲရဖို့မလွယ်ဘူး။ အိမ်ရှင် အဇာဘိုင်ဂျန်နဲ့ စွန့်စားသင့်တယ်။ (၂)သင်းပေါင်းသွင်းဂိုး အနည်းကို ကြိုက်တယ်။

အက်စ်တိုးနီးယား နှင့် ဆလိုဗက်ကီးယား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

အက်စ်တိုးနီးယားက UEFA Nations League နောက်ဆုံး (၄)ပွဲဆက် အနိုင်ရခဲ့တယ်။ ဒါပေမဲ့ သူတို့တွေ့တဲ့ ပြိုင်ဘက်တွေက အားနည်းချက်တွေများတဲ့အသင်းတွေပါ။ ဆလိုဗက်ကီးယားက အသင်းလိုက်မာကျောပြီး လိုဘော့ကာ၊ ဒူရစ်တို့လို ဥရောပကြယ်ပွင့်ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ အဝေးကွင်းကစားရမှာဖြစ်ပေမဲ့ ဆလိုဗက်ကီးယားက အက်စ်တိုးနီးယားအသင်းထက် အားသာချက်ပိုရှိတဲ့ အသင်းပါ။ ဆလိုဗက်ကီးယား အနိုင်ရဖို့များတယ်။ (၀-၁)၊ (၀-၂)ရလဒ်တွေ ဖြစ်နိုင်တယ်။

ဆန်မာရီနို နှင့် လက်ချင်စတိန်း (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

ခြေစွမ်းချင်းမကွာတဲ့အသင်းတွေ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲ ဖြစ်ပြီး လက်ရှိရလဒ်ပိုင်းလည်း ကွာခြားခြင်းသိပ်မရှိပါဘူး။ ဒါပေမဲ့ အိမ်ကွင်းအားသာချက်ရှိတဲ့ ဆန်မာရီနိုနဲ့ ရပ်တည်သင့်တယ်။ ဂိုးနည်းမယ်။

ဒိန်းမတ် နှင့် ဆွစ်ဇာလန် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

ဒိန်းမတ်မှာက တိုက်စစ်ကစားသမား ဟွိုင်လန်း ဒဏ်ရာရနေတာကြောင့် ပေါလ်ဆင်၊ ဒိုးလ်ဘတ်တို့ပဲ ပွဲထွက်လာဖို့ များတယ်။ ဒါပေမဲ့ အဲရစ်ဆင်နဲ့ ဟူဘယက်တို့ရဲ့ ကွင်းလယ်ကတော့ ကစားပုံမဆိုးပါဘူး။ လက်ရှိအချိန်မှာ ဆွစ်ဇာလန်ကို တော့ ဒိန်းမတ်ထက် ပိုကောင်းတဲ့အသင်းလို့ ဆိုရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာဆိုရင်လည်း အီတလီ၊ အင်္ဂလန်တို့လို ထိပ်သီးအသင်းတွေကို ဒုက္ခပေးနိုင်ခဲ့တယ်။ အကန်ဂျီ၊ ချာကာ၊ အမ်ဘိုလိုတို့လို အရည်သွေးမြင့် ကြယ်ပွင့်တွေရဲ့ ခြေစွမ်းကလည်း အားရစရာကောင်းတယ်။ ဆွစ်ဇာလန် မရှုံးနိုင်ဘူး။

ဆားဘီးယား နှင့် စပိန် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

စပိန်အသင်းက ပြီးခဲ့့တဲ့ ယူရို-၂၀၂၄ မှာ ခြေစွမ်းပြခဲ့တယ်။ ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တယ်။ အရည်အသွေးမြင့် ကြယ်ပွင့်ကစားသမားတွေအများကြီးကို ပိုင်ဆိုင်ထားတယ်။ အသင်းလိုက်ကစားဟန်က အားကောင်းသလို တစ်ဦးချင်းအနေနဲ့လည်း အရည်အသွေးမြင့်လွန်းတယ်။ လူငယ်ကစားသမားတွေအများကြီး ပါလာတာကိုလည်း တွေ့ရတယ်။ ဆားဘီးယားက ကစားသမားကောင်းတချို့ ရှိပေမဲ့ ပုံမှန်ခြေပါပဲ။ နီကိုဝီလီယံစ်၊ ယမားလ်တို့ရဲ့ အရည်အသွေးတွေကို ပြန်လည်မြင်တွေ့ရဦးမှာဖြစ်ပြီး စပိန်ရဲ့ ဖျော်ဖြေမှုနဲ့နိုင်ပွဲကို ဆက်လက်မြင်တွေ့ရပါလိမ့်မယ်။ 

ဘီလာရုစ် နှင့် ဘူလ်ဂေးရီးယား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

နောက်ပိုင်းတွေ့ဆုံမှုတွေကိုကြည့်ရင် ဘီလာရုစ်က ရိုမေးနီးယားကို အတော်လေး ဒုက္ခပေးလာနိုင်တာတွေ့ရတယ်။ အခု ကစားရမှာလည်း အိမ်ကွင်းမှာဖြစ်လို့ ဘီလာရုစ်ကိုပဲ ကြိုက်တယ်။

မြောက်အိုင်ယာလန် နှင့် လူဇင်ဘတ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

မြောက်အိုင်ယာလန်ကို လူဇင်ဘတ်ထက်ပိုကောင်းတဲ့အသင်းလို့ ဆိုနိုင်ပေမဲ့ နောက်ပိုင်းနှစ်တွေမှာ မြောက်အိုင်ယာလန်ရဲ့ မျိုးဆက်က အတော်လေး ကျဆင်းလာတယ်။ ဥရောပထိပ်သီးလိဂ်တွေမှာ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေကို သိပ်မတွေ့ရတော့ဘူး။ မြောက်အိုင်ယာလန်အသင်းကစားခဲ့တဲ့ ခြေစမ်းပွဲရလဒ်တွေက သိပ်မဆိုးပေမဲ့ ယုံစားလို့ရတဲ့ ပုံစံမျိုး မဟုတ်ဘူး။ လူဇင်ဘတ်ကနောက်ဆုံး (၂)ပွဲဆက် ရှုံးခဲ့ပေမဲ့ ပြင်သစ်၊ ဘယ်လ်ဂျီယံတို့လို ထိပ်သီးတွေနဲ့ ခြေစမ်းခဲ့တာပါ။ လူဇင်ဘတ်ကို ရွေးချယ်ချင်တယ်။

Most Read

Most Recent