မန်ယူတိုက်စစ်မှူး မာစီယဲလ်သည် ဖျားနာနေသည့်အတွက် PSG အသင်းနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်အုပ်စုပွဲတွင် ပါဝင်ကစားနိုင်ရန် မသေချာကြောင်း သိရသည်။
မာစီယဲလ်သည် ဆောက်သမ်တန်နှင့် ပရီးမီးယားလိဂ်ပွဲကို လွဲချော်ခဲ့ပြီးနောက် တနင်္လာနေ့နံနက်ပိုင်းက မန်ယူအသင်း၏ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
သို့သော် မာစီယဲလ်အနေဖြင့် ဖျားနာမှု ပျောက်ကင်းခြင်း မရှိသေးသည့်အတွက် အသင်းတာဝန်ရှိသူများက လေ့ကျင့်ခန်းဆင်းခွင့်မပြုဘဲ အိမ်ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မာစီယဲလ်သည် ဒီဇင်ဘာ (၂)ရက်တွင် ကစားရမည့် PSG အသင်းနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို လွဲချော်ရဖွယ်ရှိနေခြင်းဖြစ်သည်။
ဆောက်သမ်တန်နှင့်ပွဲတွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည့် နောက်ခံလူ တဲလက်စ်မှာလည်း ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖွယ်ရှိနေပြီး ပေါ့ဘာ၊ တွမ်မီနေးနှင့် လင်ဂတ်တို့မှာမူ တနင်္လာနေ့က အသင်းနှင့်လေ့ကျင့်မှု ပြန်လည်ပြုလုပ်နိုင်ခဲ့ကြကြောင်း သိရသည်။















