လစာမပေးနိုင်သည့် စီးရီးအေအသင်းများ ရမှတ်လျှော့ခံရဖွယ်ရှိ

လစာမပေးနိုင်သည့် စီးရီးအေအသင်းများ ရမှတ်လျှော့ခံရဖွယ်ရှိ
Photo: Napolli
Photo: Napolli
Published 30 November 2020

လာမည့်ဒီဇင်ဘာလ (၁)ရက်တွင်  လစာငွေပြဿနာဖြင့်ရင်ဆိုင်နေရသည့် စီးရီးအေအသင်းများ လစာပြန်လည်ပေးချေနိုင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နာပိုလီ၊ လာဇီယို၊ ဘင်နီဗန်တို၊ ဂျီနိုအာနှင့် ဆမ်ဒိုးရီးယားအသင်းများသည် လစာပြန်ပေးနိုင်ရန် မသေချာသေးသဖြင့် ရမှတ်လျှော့ခံရဖွယ်ရှိနေကြောင်း သိရှိရသည်။

အီတလီလိဂ်ပြိုင်ပွဲအဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ဘဏ္ဍာရေးအကျပ်အတည်းများကြောင့် လစာမပေးနိုင်သည့်ကိစ္စအပေါ် နားလည်ပေးခဲ့ပြီး လာမည့် ဒီဇင်ဘာလ နောက်ဆုံးထား၍ လစာများပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ဘိုလော့ဂ်နာ၊ ခရိုတိုနီ၊ အင်တာမီလန်၊ ပါးမားနှင့် ရိုးမားအသင်းများသည် ပြီးခဲ့သည့် စက်တင်ဘာလအထိ၊ အတ္တလန်တာ၊ ကာဂလီယာရီ၊ ဖီအိုရင်တီးနား၊ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ ဆာဆူအိုလို၊ တိုရီနို၊ စပီဇီယာ၊ အူဒီးနီးစ်နှင့် ဗီရိုနာအသင်းများသည် ပြီးခဲ့သည့် အောက်တိုဘာလအထိ လစာများ ပေးချေထားနိုင်ကြောင်း သိရသည်။

Most Read

Most Recent