ကွင်းလယ်ဒိုင်ကို ပြစ်တင်ဝေဖန်ခဲ့သည့် မိုရာတာ ပွဲပယ်ခံရမည်

ကွင်းလယ်ဒိုင်ကို ပြစ်တင်ဝေဖန်ခဲ့သည့် မိုရာတာ ပွဲပယ်ခံရမည်
Published 30 November 2020

ပြီးခဲ့သည့်ဘင်နီဗန်တိုအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည့်ပွဲအပြီးတွင် ကွင်းလယ်ဒိုင် ပါစကွာကို ပြစ်တင်ခဲ့သူ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး မိုရာတာသည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေသည်။

အဆိုပါပွဲတွင် ဂျူဗင်တပ်စ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည့် မိုရာတာသည် ဘင်နီဗန်တိုအသင်းဘက်သို့ ပယ်နယ်တီပေးခဲ့သော ကွင်းလယ်ဒိုင် ပါစကွာ၏လုပ်ရပ်အပေါ် မကျေနပ်ဘဲ  ပွဲအပြီး၌ ပြစ်တင်ခဲ့သဖြင့် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ထို့ကြောင့် မိုရာတာသည် လာမည့်တစ်ပတ်တွင်ကစားမည့် တိုရီနိုအသင်းနှင့် တူရင်ဒါဘီပွဲကို လွဲချော်မည်ဖြစ်သည်။

ဘင်နီဗန်တိုအသင်းနည်းပြ ဖိ လစ်ပိုအင်ဇာဂီက ဂျူဗင်တပ်စ်အသင်း နှင့်ပွဲတွင် မိမိတို့အသင်းအနိုင်ရသင့်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုအင်ဇာဂီ၏ အသင်းဖော်ဟောင်း ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက သူ့အသင်းကစားပုံအတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။

မိုရာတာသည် ယခုရာသီ အသင်း၏ပြိုင်ပွဲစုံသွင်းဂိုး (၂၃)ဂိုးတွင် ဂိုးပါဝင်ပတ်သက်မှု (၄၈%)ရှိပြီး (၈)ဂိုးသွင်းကာ (၃)ဂိုး ဖန်တီးခဲ့သည်။

Most Read

Most Recent