လေဗာကူဆင် - ဟာသာဘာလင် (တနင်္ဂနွေည ၉း၀၀ နာရီ)
လေဗာကူဆင်အသင်းမှာ အလာရီယို၊ ဘိုင်လေတို့ ဦး ဆောင်ကစားနေတဲ့တိုက်စစ်ပိုင်းက ထက်ထက်မြက်မြက်ရှိနေ တယ်။ ယူရိုပါလိဂ်နဲ့ ပွဲတွေဆက်နေပေမဲ့ လေဗာကူဆင်က ဘွန် ဒစ်လီဂါဘက်ကို ပိုဖိဖိစီးစီးကစားနေတာ တွေ့ရတယ်။ ဟာသာ ဘာလင်ရဲ့ရလဒ်ပိုင်းက အတက်အကျကြမ်းပါတယ်။ လေဗာ ကူဆင်ပဲ နိုင်ဖို့များတယ်။
မိန့်ဇ် - ဟော်ဖန်ဟင်မ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
မိန့်ဇ်အသင်းက နောက်ဆုံး(၂)ပွဲမှာ (၄)မှတ်ယူပြီး တန်း ဆင်းဇုန်ထဲက ရုန်းထွက်လာနိုင်တယ်။ ဒီပွဲလည်း မိန့်ဇ် အမှတ် ထပ်ရဦးမယ်ထင်တယ်။















