ဂွါဒီယိုလာနှင့် အပြောင်းအရွှေ့ကိစ္စ စကားပြောခဲ့သည်ဟု ဆီဗီလာနောက်ခံလူ ခွန်ဒဲ ဝန်ခံ

ဂွါဒီယိုလာနှင့် အပြောင်းအရွှေ့ကိစ္စ စကားပြောခဲ့သည်ဟု ဆီဗီလာနောက်ခံလူ ခွန်ဒဲ ဝန်ခံ
Photos : Getty Images
Photos : Getty Images
Published 25 November 2020

ခွန်ဒဲသည် ဆီဗီလာအသင်း ယူရိုပါလိဂ်ဖလား ရရှိရာတွင် အဓိကနေရာမှ စွမ်းဆောင်ခဲ့သည့် လူငယ်ကြယ်ပွင့် ကစားသမား တစ်ဦးဖြစ်သည်။ 

ဆီဗီလာနောက်ခံလူ ခွန်ဒဲက ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလအတွင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာနှင့်စကားပြောခဲ့သည်ဟု ဝန်ခဲ့ပြောကြားခဲ့သည်။ 

ခွန်ဒဲသည် ဆီဗီလာအသင်း ယူရိုပါလိဂ်ဖလား ရရှိရာတွင် အဓိကနေရာမှ စွမ်းဆောင်ခဲ့သည့် လူငယ်ကြယ်ပွင့် ကစားသမား တစ်ဦးဖြစ်သည်။ 

ခွန်ဒဲက "ကျွန်တော် ဂွါဒီယိုလာနဲ့ ဖုန်းကနေတစ်ဆင့် စကားပြောခဲ့ပါတယ်။ စပိန်လို ပြောခဲ့တာ ဖြစ်ပြီး အားလုံး အဆင်ပြေခဲ့တယ်။ ကစားခွင့်ရမယ်ဆိုတဲ့ အာမခံချက်လည်း ရခဲ့တယ်။ ဒါပေမဲ့ အဲဒါက မဖြစ်လာခဲ့ပါဘူး" ဟု ဖွင့်ဟခဲ့သည်။ 

မန်စီးတီးအသင်းသည် ခွန်ဒဲအစား ဘင်ဖီကာနောက်ခံလူ ရူဘင်ဒီယက်စ်ကို ခေါ်ယူခဲ့သည်။

Most Read

Most Recent