ချန်ပီယံလိဂ်တွင် ရှုံးထွက် (၁၆)သင်းအဆင့်တက်ရန်အတွက် လက်ကျန် (၃)ပွဲတွင် အင်တာမီလန်အသင်း (၇)မှတ် ရရှိရန်လိုအပ်ကြောင်း ဟန်ဒါနိုဗစ် ပြောကြား

ချန်ပီယံလိဂ်တွင် ရှုံးထွက် (၁၆)သင်းအဆင့်တက်ရန်အတွက် လက်ကျန် (၃)ပွဲတွင် အင်တာမီလန်အသင်း (၇)မှတ် ရရှိရန်လိုအပ်ကြောင်း ဟန်ဒါနိုဗစ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 25 November 2020

အင်တာမီလန်ဂိုးသမား ဟန်ဒါနိုဗစ်က မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက်အဆင့်တက်ရောက်ရန်အတွက် လက်ကျန် (၃)ပွဲတွင် ရမှတ် (၇)မှတ် ရရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ် အုပ်စု (B) ၌ ပွဲစဉ် (၃)ပွဲကစားပြီးချိန်တွင် ရမှတ် (၂) မှတ်သာ ရရှိထားပြီး မိုချန်ဂလာဘတ်က (၅)မှတ်၊ ရှက်တာဒိုးနက်က (၄)မှတ်နှင့် ရီးယဲလ်မက်ဒရစ်က (၄)မှတ် ရရှိထားသည်။ 

အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄)အဖြစ် နိုဝင်ဘာ (၂၅)ရက်တွင် ပထမအကျော့၌ ရှုံးနိမ့်ခဲ့သည့် ရီးယဲလ်အသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ပြီး အင်တာမီလန်အသင်းအနေဖြင့် အုပ်စုအဆင့်ကို ကျော်လွန်လိုပါက လက်ကျန်အုပ်စုပွဲစဉ် (၃)ပွဲတွင် ရမှတ် (၇)မှတ် ရရှိရန် လိုအပ်ကြောင်း ဟန်ဒါနိုဗစ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဟန်ဒါနိုဗစ်က "ချန်ပီယံလိဂ်အုပ်စုအဆင့်က ကျော်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ လက်ကျန်(၃)ပွဲမှာ ရမှတ် (၇)မှတ် ရရှိဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးကတော့ ရီးယဲလ်မက်ဒရစ်နဲ့ ကစားမဲ့ ပွဲပါပဲ။ နောက်ကစားရမဲ့ ပွဲတွေမှာ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားရမှာပါ။ ဒီအနေအထားမှာ နောက်တစ်ဆင့်အတွက် အသင်းတိုင်း အခွင့်အရေး ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဟန်ဒါနိုဗစ်က မိမိတို့အနေဖြင့် ပြီးခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ် (၃)ပွဲတွင် အကောင်းဆုံးကစားနိုင်ခဲ့သော်လည်း ကံမကောင်းခဲ့ကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent