ကြွက်သားဒဏ်ရာကြောင့် ဂျူဗင်တပ်စ်နောက်ခံလူ ဒီမီရယ်လ် (၁၀)ရက်ခန့် အနားယူရမည်

ကြွက်သားဒဏ်ရာကြောင့် ဂျူဗင်တပ်စ်နောက်ခံလူ ဒီမီရယ်လ် (၁၀)ရက်ခန့် အနားယူရမည်
Photo: Getty Images
Photo: Getty Images
Published 25 November 2020

ဂျူဗင်တပ်စ်နောက်ခံလူ ဒီမီရယ်လ်သည် ကြွက်သားဒဏ်ရာကြောင့် (၁၀)ရက်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ တူရကီနောက်ခံလူ ဒီမီရယ်လ်သည် အဆိုပါဒဏ်ရာကို နိုဝင်ဘာ (၂၁)ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ် ဂျူဗင်တပ်စ် (၂-၀) ကာဂလီယာရီပွဲတွင် ရရှိခဲ့ခြင်းဖြစ်သည်။ 

ဒီမီရယ်လ်သည် အဆိုပါဒဏ်ရာကြောင့် ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သည့် ဖယ်ရန်ဗာရို့စ်အသင်းနှင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို လွဲချော်ခဲ့သလို၊ (၁၀)ရက်ခန့်အနားရဖွယ်ရှိနေကြောင်း Il Corriere dello Sport က ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ဒီမီရယ်လ်သည် ဘင်နီဗန်တိုအသင်းနှင့် ကစားမည့် စီးရီးအေအဝေးကွင်းပွဲစဉ်၊ ဒိုင်နမိုကိဗ်အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များကို ထပ်မံလွဲချော်မည်ဖြစ်ကြောင်း သိရသည်။ 

သို့သော် ဒီမီရယ်လ်အနေဖြင့် ဒီဇင်ဘာ (၅) ရက်နေ့တွင် ကစားမည့် တူရင်ဒါဘီပွဲစဉ်ဖြစ်သည့် တိုရီနိုအသင်းနှင့် စီးရီးအေအိမ်ကွင်းပွဲစဉ်တွင်မူ အသင်းအတွက် ပြန်လည်ကစားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ 

ဒီမီရယ်လ်သည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲကစားထားသည်။ 

Most Read

Most Recent