ဘာစီလိုနာအသင်းတွင် အထိုင်ကျရန် အချိန်ယူရဦးမည်ဟု ဂရီးဇ်မန်း ပြောကြား

ဘာစီလိုနာအသင်းတွင် အထိုင်ကျရန် အချိန်ယူရဦးမည်ဟု ဂရီးဇ်မန်း ပြောကြား
Photo: Getty Images
Photo: Getty Images
Published 24 November 2020

ဘာစီလိုနာတိုက်စစ်ကစားသမား ဂရီးဇ်မန်းက မိမိအနေဖြင့် အသင်းတွင် အထိုင်ကျရန် အချိန်ယူရမည်ဖြစ်ပြီး ပရိသတ်များအနေဖြင့် စိတ်ရှည်ပေးကြရန် တောင်းဆိုခဲ့သည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် အက်သလက်တီကိုအသင်းမှ ဘာစီလိုနာအသင်းထံသို့ စာချုပ်လျော်ကြေး ယူရိုသန်း (၁၂၀) ဖြင့် ရောက်ရှိလာသူဖြစ်သည်။ 

သို့သော် ဂရီးဇ်မန်းသည် ဘာစီလိုနာအသင်းတွင် ပုံမှန်ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ပရိသတ်များ၏ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

ဂရီးဇ်မန်းက "ဝေဖန်မှုတွေကို ကျွန်တော် လက်ခံပါတယ်။ ဘာစီလိုနာကစားသမားဘဝ (၁)နှစ်ခွဲအတွင်းမှာပဲ နည်းပြ (၃)ဦး လက်အောက်မှာ ကျွန်တော် ကစားခဲ့ရတယ်။ ပြီးတော့ ကိုရိုနာကပ်ဘေးနဲ့လည်း ကြုံရတယ်။ နည်းပြ (၃)ဦး လက်အောက်မှာ မတူညီကွဲပြားတဲ့ နည်းစနစ်တွေနဲ့ ကစားခဲ့ရတာကြောင့် ကျွန်တော့်အနေနဲ့ အသင်းမှာ အံဝင်ဖို့ အချိန်အတိုင်းအတာ ယူရဦးမှာပါ"ဟု ပြောကြားခဲ့သည်။ 

ဂရီးဇ်မန်းသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲကစားထားပြီး (၂) ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent