ဒိုင်နမိုကိဗ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲတွင် မက်ဆီနှင့် ဒီယွန်းတို့ကို အနားပေးမည်ဟု ရော်နယ်လ်ကိုးမန်း အတည်ပြု

ဒိုင်နမိုကိဗ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲတွင် မက်ဆီနှင့် ဒီယွန်းတို့ကို အနားပေးမည်ဟု ရော်နယ်လ်ကိုးမန်း အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 24 November 2020

ဘာစီလိုနာအသင်း၏နည်းပြ ရော်နယ်လ်ကိုးမန်းက ယနေ့ ယှဉ်ပြိုင်ကစားရမည့် ဒိုင်နမိုကိဗ်နှင့် ချန်ပီယံလိဂ်ပွဲတွင် အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီနှင့် ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းတို့ကို အနားပေးသွားမည်ဖြစ်ကြောင်း ပွဲကြိုသတင်း စာရှင်းလင်းပွဲတွင် အတည်ပြုခဲ့သည်။

    

ဘာစီလိုနာအသင်းသည် ယှဉ်ပြိုင်ခဲ့ပြီးသည့် အုပ်စုပွဲစဉ်(၃)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရထားပြီး နောက်တစ်ဆင့်တက်ရောက်ရန် သေချာသလောက်ရှိနေပြီဖြစ်သောကြောင့် မက်ဆီ နှင့် ဒီယွန်းတို့ကို ယူကရိန်းသို့ ခေါ်ဆောင်မသွား ရန် ရော်နယ်လ်ကိုးမန်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

ယင်းအခြေအနေနှင့် ပတ်သက်၍ ရော်နယ်လ်ကိုးမန်းက "လီယို(မက်ဆီ)နဲ့ ဖရန်ကီ(ဒီယွန်း)တို့ကို လူစာရင်းမှာ မထည့်သွင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုအနေအထားက သက်သောင့်သက် သာရှိနေတာကြောင့်ပါ။ ကျွန်တော်တို့ (၉)မှတ်ရ ထားပြီဖြစ်သလို၊ သူတို့ကိုလည်း အနားပေးဖို့ လို အပ်တာကြောင့်ပါ"ဟု ပြောကြားခဲ့သည်။ 

သို့သော် ဒိုင်နမိုကိဗ်အသင်းကို အနိုင်ရရှိအောင် ကြိုးစားသွားမည်ဟုလည်း ဆိုခဲ့သည်။

    

အက်သလက်တီကိုနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဝါရင့်နောက်ခံလူ ပီကေးနှင့် ပတ်သက်၍လည်း ရော်နယ်လ်ကိုးမန်းက အသင်းအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု ဆိုခဲ့သည်။ 

နောက်ဆုံး ဆေးစစ်ဆေးမှုများအရ ပီကေး၏ ဒူးဒဏ်ရာမှာ အနည်းဆုံး(၃)လခန့် အနားယူရမည်ဖြစ်ပြီး ဆာဂျီရောဘတ်တိုမှာ (၂)လ နားရမည်ဟု သိရသည်။    

Most Read

Most Recent