မန်စီးတီးအသင်း၏ ပေါ်တူဂီတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗားအား သူ၏အသင်းဟောင်းဖြစ်သည့် ဘင်ဖီကာအသင်း၏နည်းပြဖြစ်သူ ဂျော့ချ်ဂျီးဆပ်စ်က ဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရသည်။

ဘာနာဒိုဆေးလ်ဗားသည် ဘင်ဖီကာအသင်း ဥက္ကဋ္ဌ ဖိလစ်ပီဗီယာရာ၏နေရာကို အစားထိုးသင့်ပြီဟု မှတ်ချက်ပြုပြောကြားခဲ့ရာ ဘင်ဖီကာတွင် သူ့အား ပွဲထွက်ကစားခွင့်ပေးခဲ့သူ ဂျော့ချ်ဂျီးဆပ်စ်က တုံ့ပြန်ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ဂျော့ချ်ဂျီးဆပ်စ်က ဘင်ဖီကာဥက္ကဋ္ဌ ဖိလစ်ပီဗီယာရာသည် ဘာနာဒိုဆေးလ်ဗားကို တိုးတက်မှုများရှိလာအောင် ကူညီပေးခဲ့သူဖြစ်ပြီး လူငယ်ကစားသမားများကို မြေတောင်မြှောက်ပေးခဲ့သူဖြစ်သည်ဟု ပြောကြားခဲ့သည်။















