အင်တာမီလန်အတွက် ခြေစွမ်းပြနေသည့် လူကာကူ ပေါင်ဒဏ်ရာကြောင့် ရီးယဲလ်နှင့်ပွဲကို လွဲချော်ဖွယ်ရှိ

အင်တာမီလန်အတွက် ခြေစွမ်းပြနေသည့် လူကာကူ ပေါင်ဒဏ်ရာကြောင့် ရီးယဲလ်နှင့်ပွဲကို လွဲချော်ဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 31 October 2020

အင်တာမီလန်အသင်းအတွက် ခြေစွမ်းပြကစားနေသည့် တိုက်စစ်မှူး လူကာကူသည် ပေါင်ဒဏ်ရာကြောင့် ယနေ့ကစားမည့် ပါးမားနှင့်ပွဲကို လွဲချော်မည့်အပြင် ရီးယဲလ်အသင်း နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

    

လူကာကူသည် ပြီးခဲ့သည့် အင်္ဂါနေ့က ရှက်တာဒိုးနက်အသင်းနှင့် ဂိုးမရှိသရေကျသည့် ချန်ပီယံလိဂ်ပွဲတွင် ပွဲချိန်ပြည့်ပါဝင် ကစားခဲ့သော်လည်း ပွဲအပြီးတွင် MRI Scan စစ်ဆေးမှုပြုလုပ်ရာ ဝဲဘက်ပေါင်ဒဏ်ရာရရှိထားကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ 

"Scan ရလဒ်အရ လူကာကူအနေဖြင့် ဝဲဘက် ပေါင်တွင် ထိခိုက်ထားကြောင်း တွေ့ရှိရပါသည်။ ၎င်း၏အခြေအနေကို နေ့စဉ်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ပါသည်"ဟု အင်တာမီလန်အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။ 

လူကာကူသည် ယခုရာသီတွင် အင်တာမီလန်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး စီးရီးအေပြိုင်ပွဲ၌ (၅)ပွဲကစား၊ (၅)ဂိုးသွင်းယူထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း (၂)ပွဲကစား၊ (၂)ဂိုးသွင်းယူပေးထားသည်။

    

လူကာကူ၏ဒဏ်ရာသတင်းမှာ အင်တာမီလန်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ပြီး ၎င်းအနေဖြင့် ပါးမားအသင်းနှင့် ယနေ့ကစားမည့် စီးရီးအေအိမ်ကွင်းပွဲကို လွဲချော်မည်ဖြစ်သလို လာမည့်အင်္ဂါနေ့တွင် ရီးယဲလ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်အဝေးကွင်းပွဲကိုလည်း လွဲချော်ဖွယ်ရှိနေသည်။ 

အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ်တွင် (၂)ပွဲကစား၊ (၂)မှတ်သာ ရရှိထားသည်။

Most Read

Most Recent