‘၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ’ (စစ်ကိုင်းတိုင်းဒေသကြီး)

‘၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ’ (စစ်ကိုင်းတိုင်းဒေသကြီး)
Published 31 October 2020
news

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှုမြင့်တက်နိုင်သည့်ကိုယ်စားလှယ်လောင်းအချို့နှင့်  ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်း အချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ်ဖော်ပြလိုက်ပါသည်။

 

အမည်  - ဦးနိုးသော့ခ်ကပ်

အသက်          - ၅၁ နှစ်

ပညာအရည်အချင်း - ဘီအေ(ပထဝီဝင်)

လူမျိုး - ချင်း

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတ - ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကလေးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးနိုးသော့ခ်ကပ်သည် ချင်းလူမျိုးတစ်ဦးဖြစ်ပြီး ကလေးမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်ပြု ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသားများ၏ စိတ်ဝင်စားမှုခံရသူ ဟု ဆိုနိုင်သည်။ ကလေးမဲဆန္ဒနယ်သည် ၂၀၁ဝခုနှစ် ပြည်ခိုင်ဖြိုးပါတီ နှင့် ၂၀၁၅ ခုနှစ်တွင် NLDပါတီက အနိုင်ရရှိခဲ့ထားသည့် မဲဆန္ဒနယ်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းတို့အရေး ပြန်ယူဖို့ CNLD ကို မဲပေးစို့ ကြွေးကြော်သံဖြင့်  မဲဆွယ်လာသည့်အတွက် ယင်းမဲဆန္ဒနယ်တွင်် ဒေသခံတိုင်းရင်းသားများ၏ ထောက်ခံမှုကို ဦးနိုးသော့ခ်ကပ်အနေဖြင့် ရရှိနိုင်ကြောင်း သုံးသပ်ရသည်။

 

အမည်  - ဦးမောင်မြင့်

အသက်          - ၆၂ နှစ်

ပညာအရည်အချင်း - မဟာဝိဇ္ဇာဘွဲ့  (ကာကွယ်ရေးပညာ)

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးမောင်မြင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာ၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုယှဉ်ပြိုင်၍ အနိုင်ရရှိပြီး လက်ရှိပြည်သူ့လွှတ််တော်ကိုယ်စားလှယ်ဖြစ်သည်။ ထို့ပြင် ၎င်းသည်တပ်မမှူး၊ အမှတ်(၇၇)၊ ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယဝန်ကြီး(နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ပြည်ထောင်စုဝန်ကြီး(အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန)၊ စက်မှုဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအနေဖြင့် တာဝန်ထမ်း ဆောင်ခဲ့သူလည်း ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ၊ UBP ပါတီ၊ တစညပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သဖြင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည်။

 

အမည်  - ဦးကျော်ဇင်လတ်

အသက်          - ၃၄ နှစ်

ပညာအရည်အချင်း - သိပ္ပံဘွဲ့(ဓာတုဗေဒ)

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကသာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးကျော်ဇင်လတ်သည် ကသာမြို့နယ်ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီအသစ်ဖြစ်သည့် ပြည်သူ့ ရှေ့ဆောင်ပါတီ(PPP)ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။၎င်းသည် လူငယ်ပညာ တတ်တစ်ဦးဖြစ်သည့်အပြင် ဓာတုဗေဒနည်းပြအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်သည်။ ကသာမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက ပြန်လည်အနိုင်ရရှိ သည့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်သည့် မဲဆန္ဒနယ်တစ်ခုဖြစ်ကြောင်း ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်  NLD ပါတီ၊ USDP ပါတီ၊ UBP ပါတီနှင့် တိုင်းရင်းသားစည်းလုံးရေး ညီညွတ်ရေးပါတီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အမည်  - ဦးစိန်လှ

အသက်          - ၇၁ နှစ်

ပညာအရည်အချင်း       - B.Sc, H.G.P, R.L(II)

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ထီးချိုင့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးစိန်လှသည် ထီးချိုင့်မြို့နယ် ပြည်သူ့လွှွတ်တော်နေရာအတွက် ပါတီအသစ်တစ်ခုဖြစ်သည့်  ပြည်သူ့ပါတီကိုယ်စားပြုယှဉ်ပြိုင်မည် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ဦးစိန်လှသည် လူကြီးပိုင်း ပညာတက်နိုင်ငံရေးသမားတစ်ဦး ဖြစ်သောကြောင့် လူထု၏စိတ်ဝင်စားမှုခံရသူဟု ဆိုနိုင်သည်။ ထီးချိုင့်မြို့နယ်ပြည်သူ့လွှတ်တော်နေရာသည် ၂၀၁၀ ရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်သည့် မဲဆန္ဒနယ် တစ်ခုဖြစ်သည်။၂၀၂၀ ရွေးကောက်ပဲတွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တစ်သီးပုဂ္ဂလကို်ယ်စားလှယ်လောင်းများ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

 

အမည်  - ဦးသန့်ဇင်ဦး

အသက်          - ၃၉ နှစ်

ပညာအရည်အချင်း - B.B.A B (Business Manangement)

လူမျိုး   - ရှမ်း+ဗာမာ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - တိုင်းလိုင်(ရှမ်းနီ)အမျိုးသား များဖွံ့ဖြိုးတိုးတက်ရေး

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ဗန်းမောက်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးးသန့်ဇင်ဦးသည် ၂၀၂ဝရွေးကောက်ပွဲတွင် ဗန်းမောက်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ကိုယ်စားလှယ်လောင်း ဖြစ်သည်။ လူလတ်ပိုင်းပညာတက် တစ်ဦးဖြစ်သည့်အပြင် တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်းဖြစ်သောကြောင့် ယင်းဒေသခံများအကြား စိတ်ဝင်စားမှုရှိသူတစ်ဦးဟု ဆိုနိုင်သည်။ ဦးသန့်ဇင်ဦးအနေဖြင့် ယင်းမဲဆန္ဒနယ်တွင် လက်ရှိ အာဏာရပါတီဖြစ်သည့်  NLD ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကို အဓိကယှဉ်ပြိင်ရမည်ဖြစ်ပြီး ယင်းပါတီကြီး နှစ်ခု တစ်လှည့်စီ အနိုင်ရရှိထားသည့် ပြိုင်ဆိုင်မှုပြင်းထန်သည့် မဲဆန္ဒနယ် ဖြစ်သည်။

 

အမည်  - ဦးချမ်းအောင်

အသက်          - ၃၉ နှစ်

ပညာအရည်အချင်း - A.G.T.I(EC), ဥပဒေ(ပ-နှစ်)

လူမျိုး   - ရှမ်း-ဗမာ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ပင်လည်ဘူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးချမ်းအောင်သည် ပင်လည်ဘူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပြည်သူ့ပါတီပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိသော မဲဆန္ဒနယ် ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒ နယ်၌ NLD ပါတီ၊ပြည်ခိုင်ဖြိုးပါတီ နှင့် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီတို့နှင့် နိုင်ငံရေးဖြတ်သန်းမှု အားကောင်းသောပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီတို့ ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ပြိုင်ဆိုင်မှုပြင်း ထန်နိုင်သည့် မဲဆန္ဒနယ်ဟု ဆိုနိုင်သည်။

 

အမည်  - ဦးအောင်ကျော်လင်း

အသက်          - ၃၉ နှစ်

ပညာအရည်အချင်း -  B.C.Sc

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ကန့်ဘလူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးအောင်ကျော်လင်းသည် ကန့်ဘလူမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွက် ပါတီအသစ်တစ်ခုဖြစ်သည့် ပြည်သူ့ ရှေ့ဆောင်ပါတီ(PPP)ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်သည်။ ၎င်း သည် Dip in Political  Science နှင့် Transport & Logistic Managment တို့ကို လေ့လာနေသူတစ်ဦးဖြစ်သလို ကန့်ဘလူမဲဆန္ဒနယ်အတွက် ပါတီအသစ်မှ ဝင်ရောက်ယှဉ်ပြိုင်သဖြင့် စိတ်ဝင်စားမှုခံရသူဟု ဆိုနိုင်သည်။ ယင်း မဲဆန္ဒနယ်တွင် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ၌  NLD နှင့် USDP ပါတီကြီးနှစ်ခု တစ်လှည့််စီ အနိုင်ရရှိထားသည့် အတွက် ပြိုင်ဆိုင်မှုပြင်းထန်သည့် မဲဆန္ဒနယ် ဖြစ်သည်။

 

အမည်  - ဦးထွန်းနိုင်သူ

အသက်          - ၃၆ နှစ်

ပညာအရည်အချင်း       - တက္ကသိုလ်ဝင်တန်းအောင်

လူမျိုး   - နာဂ

၏ကိုးကွယ်သည့်ဘာသာ          - ခရစ်ယာန်

ကိုယ်စားပြုပါတီ - နာဂအမျိုးသားပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - လေရှီးမြို့နယ်           ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

  ဦးထွန်းနိုင်သူသည် လေရှီးမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် နာဂအမျိုးသားပါတီကိုယ်စားပြု၍ ယှဉ်ပြိုင် မည့်ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ဦးထွန်းနိုင်သူသည် နာဂလူငယ်တစ်ဦးဖြစ်သည့်အတွက် ယင်းဒေသတွင်း နာဂလူမျိုး၏ စိတ်ဝင်စားမှုခံရသူဟု ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ$ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိသည့် မဲဆန္ဒနယ် ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးထွန်းနိုင်သူအနေဖြင့် ဒေသခံများ၏ ထောက်ခံမှုရရှိနိုင်သည့် အလားအလာရှိသည်ဟု သုံးသပ်ရသည်။ ယင်းမဲဆန္ဒ နယ်တွင် ပါတီအသစ်တစ်ခုဖြစ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီလည်း ယှဉ်ပြိုင်မည် ဖြစ်သည်။

 

အမည်  - ဦးဟမ်

အသက်          - ၃၅ နှစ်

ပညာအရည်အချင်း       - B.A(philosophy)

လူမျိုး   - နာဂ

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ -         အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - လဟယ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးဟမ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီကိုယ်စားလှယ်ပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့်သူဖြစ် သည်။ ၎င်းင်းသည် လူငယ်ပိုင်းပညာတတ်တစ်ဦးဖြစ်ပြီး နာဂလူမျိုးတစ်ဦးလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၎င်းအနေဖြင့်  USDP ပါတီ၊  UBP ပါတီ၊ နာဂအမျိုးသားပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ် သည်။ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်၂၀၁၅ ရွေးကောက်ပွဲ၌  NLD ပါတီအနေဖြင့် နန်းယွန်းမြို့နယ်၊ လေးရှီးမြို့နယ်၊ လဟယ်မြို့နယ်အတွင်းရှိ ပြည်သူ့လွှတ်တော်နေရာအားလုံးကို အနိုင်ရရှိထားသည်။

 

အမည်  - ဦးဟာမန်

အသက်          - ၃၉ နှစ်

ပညာအရည်အချင်း       - တက္ကသိုလ်ဝင်တန်းအောင်

လူမျိုး   - နာဂ

ကိုးကွယ်သည့်ဘာသာ   -         ဗုဒ္ဓ

ကိုယ်စားပြုပါတီ -         နာဂအမျိုးသားပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   -         လဟယ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးဟာမန်သည် လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် နာဂအမျိုးသားပါတီကိုယ်စားပြု၍ ယှဉ် ပြိုင်မည့်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ ဦးဟာမန်ယှဉ်ပြိုင်သည့် လဟယ်မြို့သည်  စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်အတွက် ၎င်းအနေဖြင့် ဒေသခံနာဂလူမျိုးများ၏  စိတ်ဝင်စားမှုခံရသူဟု လည်း ဆိုနိုင်သည်။ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲ တွင် NLD ပါတီက အနိုင်ရရှိထား၍ ဦးဟာမန်အနေဖြင့် ဒေသခံများ၏ ထောက်ခံမှုအားရယူပြီး အင်အားကြီးပါတီ ကြီးနှစ်ခုကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမည်  -         ဦးသန်းအောင် (ခ) ဂျိမ်းစ်သန်အောင်

အသက်          -         ၃၈  နှစ်

ပညာအရည်အချင်း       -         တက္ကသိုလ်ဝင်တန်းအောင်

လူမျိုး   -         နာဂ

ကိုးကွယ်သည့်ဘာသာ   -         ခရစ်ယာန်

ကိုယ်စားပြုပါတီ -         နာဂအမျိုးသားပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   -         နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးသန်းအောင်(ခ)ဂျိမ်းစ်သန်အောင်သည် နန်းယွန်းမြို့နယ်ပြည်သူ့လွှတ်တော်နေရာကို နာဂအမျိုးသားပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် နာဂလူမျိုးဖြစ်သည့်အတွက် ဒေ သခံများ၏ ထောက်ခံမှု ရရှိနိုင်ကြောင်း သုံးသပ်ရသည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင် ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိ ထားသည်။ ဦးသိန်းအောင်(ခ)ဂျိမ်းစ်သန် အောင်အနေဖြင့် ယင်းမဲဆန္ဒနယ်တွင် ပါတီကြီးနှစ်ခုအပြင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားလှယ် လောင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

အမည်  - ဦးကံသောင်း

အသက်          - ၆၄ နှစ်

ပညာအရည်အချင်း       - B.A,Bed

လူမျိုး   -         ရှမ်း

ကိုးကွယ်သည့်ဘာသာ   -         ဗုဒ္ဓ

ကိုယ်စားပြုပါတီ -         S.S.P ပါတီ

ဦးကံသောင်းသည် ဟုမ္မလင်းမြို့နယ်ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ် ရေးပါတီကိုယ်စားပြုယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းင်းသည် မြို့နယ်ပညာရေးမှူး(ငြိမ်း)တစ်ဦးဖြစ် သည့်အတွက် ပညာရေးကဏ္ဍတွင်နှံ့စပ်မှုရှိသည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည့်အတွက်ပါတီကြီးနှစ်ခုက ကြီးစိုးထား သည်။ ဦးကံသောင်းအနေဖြင့် ဒေသခံများ၏ ထောက်ခံမှုရယူပြီး ယင်းပါတီကြီးနှစ်ခုကို အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သုံးသပ်ရသည်။ ထို့ပြင် TNDP ပါတီ၊ တစညပါတီနှင့် ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

အမည်  -         ဦးလူအောင်

အသက်          -         ၅၀ နှစ်

ပညာအရည်အချင်း -   B.A(Geography)

လူမျိုး   -         ရှမ်းနီ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ -         TNDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   -         ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးလူအောင်သည်  ဟုမ္မလင်းမြို့နယ်ပြည်သူ့လွှွှတ်တော်နေရာအတွက် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီကိုယ်စားပြုယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် ဟုမ္မလင်းမြို့နယ်တွင် မူလတန်းပြ ဆရာအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင်လည်း တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။ ၎င်းယှဉ်ပြိုင်သည့် မဲဆန္ဒနယ်သည် အင်အားကြီးပါတီနှစ်ခုဖြစ်သည့် NLD ပါတီ နှင့် ပြည်ခိုင်ဖြိုးပါတီ တစ်လှည့်စီ အနိုင်ရထားသည့် မဲဆန္ဒနယ်ဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီကို ထောက်ခံမှုအခြေအနေအရ ဦးလူအောင်အနေဖြင့် ဒေသခံမဲရရှိရန် မျှော်မှန်းနိုင်သည်။

 

အမည်  -        ဦးစိုးဝင်း

အသက်          -         ၅၉ နှစ်

ပညာအရည်အချင်း - Din Ag (စိုက်ပျိုးရေးသိပ္ပံပညာဘွဲ့)

လူမျိုး   -         ဗမာ

ကိုးကွယ်သည့်ဘာသာ   -         ဗုဒ္ဓ

ကိုယ်စားပြုပါတီ -         ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   -         စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးစိုးဝင်းသည် စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီအသစ်တစ်ခုဖြစ်သည့် ပြည်သူ့ရှေ့ ဆောင်ပါတီကိုယ်စားလှယ်ပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် မန်နေဂျာ(ငြိမ်း)တစ်ဦးဖြစ် ပြီး ရွှေပြည့်လျှပ်စစ် ပစ္စည်းရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးလည်း ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အရောင် အသွေးစုံသည့် အခြားပါတီအသစ်များ ယှဉ်ပြိုင်ကြမည်ဖြစ်သည့်အတွက်  ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးစိုးဝင်း၏အနေအထားမှာ စိတ်ဝင်စားစရာကောင်းသည်။ ယင်းမဲဆန္ဒနယ်တွင် အာဏာရပါတီ NLD ပါတီ ၊ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

အမည်  - ဦးသန့်စင်မောင်

အသက်          - ၆၆ နှစ်

ပညာအရည်အချင်း - မဟာသိပ္ပံ(သင်္ချာ)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မုံရွာမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးသန့်စင်မောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် မုံရွာပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို NLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိထားသူဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးလည်း ဖြစ်သည်။ ၎င်းသည် နည်းပြဆရာအဖြစ် သချင်္ာဌာန (ပုသိမ်ကောလိပ်၊ ရန်ကုန်တက္ကသိုလ်) နှင့် လက်ထောက် ပို့ဆောင်ရေးမန်နေဂျာမှ အထွေထွေ မန်နေဂျာအထိ မြန်မာ့မီးရထားတွင် လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတို့တွင် NLD ပါတီက အနိုင်ရရှိထားသည်။

အမည်  - ဦးဝင်းဗိုလ်

အသက်          - ၄၈ နှစ်

ပညာအရည်အချင်း - B.Sc (Chemistry)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မုံရွာမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဝင်းဗိုလ်သည် အင်အားကြီးပါတီကြီးများ ပြိုင်ဆိုင်မှုပြင်းထန်သည့် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နေရာတွင် ပါတီအသစ် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်သဖြင့် စိတ်ဝင်စားမှုခံရသူဟု ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် NLD ပါတီက အနိုင်ရရှိထားသည့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်သည့် မဲဆန္ဒနယ် တစ်ခုဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အရောင်အသွေးစုံသည့် ပါတီအသစ်များ ယှဉ်ပြိုင်ကြမည်ဖြစ်သဖြင့် ဦးဝင်းဗိုလ်၏ ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မှုကိုလည်း စောင့်ကြည့်ရမည် ဖြစ်သည်။

အမည်  - ဦးဝေလျှံဖြိုး

အသက်          - ၃၂ နှစ်

ပညာအရည်အချင်း - B.Sc (Maths)

လူမျိုး - ဗမာ၊ရှမ်း

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - S.S.P ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် -ဖောင်းပြင်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဝေလျှံဖြိုးသည် ဖောင်းပြင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် ဗမာ/ရှမ်း လူမျိုးတစ်ဦးဖြစ်ပြီး ဘာသာရပ် သင်တန်းဆရာ တစ်ဦးလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ဦးဝေလျှံဖြိုးအနေဖြင့် NLD ပါတီ၊ တစညပါတီနှင့် USDP ပါတီ နှင့် UBP ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဦးအောင်နန္ဒ

အသက်          - ၄၇ နှစ်

ပညာအရည်အချင်း - မဟာအင်ဂျင်နီယာဘွဲ့(ပတ်ဝန်းကျင် သိပ္ပံနှင့် မနုဿအင်ဂျင်နီယာ)၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည််သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်       

ဦးအောင်နန္ဒသည် ဆားလင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပါတီအသစ် တစ်ခုဖြစ်သည့် ပြည်သူ့ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ ၎င်းသည် ပညာရည် မြင့်မားသူ တစ်ဦးဖြစ်ပြီး Myanmar Substainable Development Engineering Service Co.,Ltd မန်နေဂျင်းဒါရိုက်တာ တစ်ဦးအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်သည်။ ၎င်းအနေဖြင့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးရေးပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့ကို အဓိက ပြိုင်ယှဉ်ရမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည့် မဲဆန္ဒနယ် ဖြစ်သည်။

အမည်  - ဒေါ်ခင်စန်းလှိုင်

အသက်          - ၆၃ နှစ်

ပညာအရည်အချင်း - B.A (Law), L.L.B

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါ်ခင်စန်းလှိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို NLD ပါတီကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိသဖြင့် လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။ ၎င်းသည် ၁၉၈၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တရားရုံးချုပ်ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ထို့နောက် ၁၉၈၈ ခုနှစ်မှ စတင်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး ဝက်လက်မြို့နယ် အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ် နှင့် ၂၀၁၂ ခုနှစ်တွင် ရွေးချယ်ခံ ကိုယ်စားလှယ် ဖြစ်ခဲ့သူလည်း ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွင် စင်ပြိုင်အစိုးရ ဖွဲ့စည်းမှုတွင် ပါဝင်ခဲ့သောကြောင့် ပုဒ်မ ၁၂၂ (၁) ဖြင့် ပြစ်ဒဏ် (၂၅) နှစ် ကျခံခဲ့ရသူလည်းဖြစ်သည်။

အမည်  - ဦးဇော်မင်း

အသက်          - ၇၁ နှစ်

ပညာအရည်အချင်း - B.A (Law), L.L.B

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၂)      

ဦးဇော်မင်းသည် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) တွင် အနိုင်ရရှိထားသော လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ ထပ်မံ အရွေးချယ်ခံခြင်းဖြစ်သည်။ ၁၉၇၉ မှ ၁၉၈၉ အထိ ကသာမြို့တွင် တရားလွှတ်တော် ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဇော်မင်းအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် USDP ပါတီ၊ တစညပါတီနှင့် SNDP ပါတီမှ ကိုယ်စားလှယ်လောင်းများကို အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့်ရွေးကောက်ပွဲတွင် USDP ပါတီနှင့် UBP ပါတီမှ ကိုယ်စားလှယ်လောင်း နှစ်ဦးဖြင့်သာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည်  - ဦးဒိုင်ကျင့်ပါအို

အသက်          - ၆၁ နှစ်

ပညာအရည်အချင်း - B.A (His)

လူမျိုး - ချင်း

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - CNLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၁)

ချင်းတိုင်းရင်းသား လူမျိုးဖြစ်သော ဦးဒိုင်ကျင့်ပါအိုသည် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ်မြေတွင် လက်ရှိအာဏာရပါတီ ဖြစ်သော NLD ပါတီ၊ တစညပါတီ၊ UBP ပါတီ၊ USDP ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဝင်ရောက် အရွေးချယ်ခံကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်းသည် ၂၀၁၅ တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၈) မှ အနိုင်ရရှိထားသူ ဖြစ်သည်။

အမည်  - ဦးခင်မောင်ဝင်း

အသက်          - ၆၂ နှစ်

ပညာအရည်အချင်း - သိပ္ပံဘွဲ့(သတ္တဗေဒ)၊ မွေးမြူရေးအတတ်ပညာ ဒီပလိုမာ

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၃)

လက်ရှိအာဏာရ NLD ပါတီကိုယ်စားပြု၍ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးခင်မောင်ဝင်းသည် ပါတီ၏ သက်တမ်းရင့် ပါတီဝင်တစ်ဦးဖြစ်သည်။ ၎င်းသည် NLD ပါတီသို့ ၁၉၈၈ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၇) မှ ယှဉ်ပြိုင်အနိုင်ရရှိ ထားသူလည်း ဖြစ်သည်။ ၎င်းသည် ပါတီတွင် မြို့နယ်ဥက္ကဋ္ဌ၊ ခရိုင် ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းအလုပ်အမှုဆောင်နှင့် တိုင်းသဘာဝ ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

အမည်  - ဦးနိုင်နိုင်ကျော်

အသက်          - ၄၉ နှစ်

ပညာအရည်အချင်း - ဥပဒေဘွဲ့(ရန်ကုန်တက္ကသိုလ်)

လူမျိုး   - ဗမာ/ရှမ်း

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၅)

ဦးနိုင်နိုင်ကျော်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ ၎င်းအနေဖြင့် S.S.P ပါတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ တစ်ဦးလည်း ဖြစ်သည်။ ဦးနိုင်နိုင်ကျော်သည် ၁၉၉၅ ခုနှစ်တွင် မြန်မာ့တပ်မတော်သို့ စတင်ဝင် ရောက်ခဲ့ပြီး ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူးတာဝန်များနှင့် ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဥပဒေရုံးချုပ်တွင် စစ်ဥပဒေအရာရှိ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ လာမည့် ရွေးကောက်ပွဲတွင် ယင်းမဲ ဆန္ဒနယ်မြေ၌ အင်အားကြီး ပါတီဖြစ်သော NLD၊ USDP အပါအဝင် UBP ပါတီ နှင့် TNDP ပါတီတို့က ယှဉ်ပြိုင်ထားပြီး စောင့်ကြည့်ရမည့် နယ်မြေဖြစ်သည်။

အမည်  - ဒေါ်နန်းနှင်းနုခိုင်

အသက်          - ၃၈ နှစ်

ပညာအရည်အချင်း - L.L.B

လူမျိုး - ရှမ်းနီ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၅)

ဒေါ်နန်းနှင်းနုခိုင်သည် TNDP ပါတီကိုယ်စားပြုပြီး စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅)က ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်အမျိုးသမီး ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ ၎င်းအနေဖြင့် ၂၀၁၅ မှစ၍ အထက်တန်းရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပြီး အမျိုးသမီးခေါင်းဆောင်မှု၊ လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး သင်တန်းများကို ပြည်တွင်းသာမက ပြည်ပ၌ပါ လေ့လာခဲ့သည်။ ၎င်းအနေဖြင့် မန္တလေးအခြေစိုက် TNDP ပါတီဗဟိုဌာနချုပ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်း စွမ်းရည်မြင့် သင်တန်းကိုလည်း တက်ရောက်ထားသူဖြစ်သည်။

အမည်  - ဦးကျော်သောင်း

အသက်          - ၇၁ နှစ်

ပညာအရည်အချင်း - B.Sc (Chemsitry)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၆)

ဦးကျော်သောင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမှတ်(၁)မှ ယှဉ်ပြိုင် အနိုင်ရရှိထားပြီး လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ ၎င်းသည် ၁၉၉၆ ခုနှစ်တွင် ပုဒ်မ ၅(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံရပြီး နဝတ အမျိုးသားညီလာခံအပေါ် ဝေဖန်ချက် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း (သို့မဟုတ်) ညီမျှှမူမရှိခြင်း၊ သေနင်္ဂဗျူဟာစီမံချက် အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့ စာအုပ်များနှင့် ပတ်သက်၍ အပြစ်ပေးခြင်း ခံခဲ့ရသည်။ ထို့ပြင် ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ မုံရွာထောင်တွင် ဒုတိယအကြိမ် ထိန်းသိမ်းခြင်းခံခဲ့ရသူ ဖြစ်သည်။

အမည်  - ဦးခင်မောင်ညို

အသက်          - ၆၃ နှစ်

ပညာအရည်အချင်း - B.Ag(စိုက်ပျိုးရေးပညာဘွဲ့)

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၆)

ဒေါက်တာသက်သက်ခိုင် ဦးစီးတည်ထောင်ထားသော ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြု၍ ဦးခင်မောင်ညိုသည် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်မြေတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယင်းကိုယ်စားလှယ်လောင်း များအနက် NLD ပါတီမှ ကိုယ်စားလှယ်လောင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် (၁) မှ အနိုင်ရရှိထားသော လက်ရှိအမျိုးသား လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သည်။

အမည်  - ဦးနိုင်းဟိုင်ကွန်း

အသက်          -  ၆၆ နှစ်

ပညာအရည်အချင်း - B.Ed

လူမျိုး - ချင်း

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - CNLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၇)

ချင်းတိုင်းရင်းသားလူမျိုးဖြစ်သော ဦးနိုင်းဟိုင်ကွန်းသည် CNLD ပါတီကိုယ်စားပြုပြီး စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၇) မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပညာရေးဝန်ထမ်း တစ်ဦးဖြစ်သည့် ၎င်းသည် ၁၉၇၄ ခုနှစ်တွင် မတူပီမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ကာ ၁၉၇၉ ခုနှစ်တွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှ B.Ed ဘွဲ့ရရှိခဲ့သည်။ ၂၀၀၈ မှ ၂၀၁၂ အထိ ကချင်ပြည်နယ် မချမ်းဘောမြို့နှင့် မကွေးတိုင်း မင်းတုန်းမြို့များတွင် မြို့နယ်ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ဇွန်မှစ၍ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးတွင် လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အမည် - ဒေါ်ညွန့်ညွန့်ဌေး

အသက်          - ၄၀ နှစ်

ပညာအရည်အချင်း - B.Sc (Hons), MSc (Physics; Dip in Leadership Development)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - USDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၈) ပညာတတ် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သော ဒေါ်ညွန့်ညွန့်ဌေးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် USDP ပါတီကို ကိုယ်စားပြု၍ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၈) မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းအနေဖြင့် မဲဆန္ဒနယ်မြေအတွင်း အနိုင်ရရှိရန်အတွက် လက်ရှိအာဏာရပါတီဖြစ်သော NLD ပါတီ၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ UBP ပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဦးမင်းနိုင်

အသက်          - ၅၆  နှစ်

ပညာအရည်အချင်း - ၉ တန်းအောင်

လူမျိုး - နာဂ

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၁၂)

နာဂလူမျိုး တစ်ဦးဖြစ်သော ဦးမင်းနိုင်သည် NLD ပါတီကို ကိုယ်စားပြုပြီး စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၂)တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အဆိုပါ မဲဆန္ဒနယ်မြေ၌ပင် အနိုင်ရရှိထားသော လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သည်။ ဒေသခံ တိုင်းရင်းသားဖြစ်သည့် အလျောက် လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ပန်ဆပ်အုပ်စု စာရေးအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး တန်ကွန် နာဂစာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် နာယကအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ လာမည့် ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် တိုင်းရင်းသားပါတီ တစ်ခုနှင့် ပြည်မပါတီ နှစ်ခုဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဦးအီနွေ

အသက်          - ၃၇ နှစ်

ပညာအရည်အချင်း - ပါရဂူတန်းဝင် (Ph D Candidate)

လူမျိုး - နာဂ

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - နာဂအမျိုးသားပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တာ်၊ မဲဆန္ဒနယ် အမှတ်(၁၂)

ဦးအီနွေသည် ၂၀၂၀ ရွေးကောက်ပွဲတွင် နာဂအမျိုးသားပါတီ ကိုယ်စားပြုပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့်  စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၂) မှ ဝင်ရောက် ယှဉ်ပြိုင်မည့်သူဖြစ်သည်။ ၎င်းအနေဖြင့် ပြည်မပါတီများဖြစ်သော NLD ပါတီ၊ USDP ပါတီနှင့် UBP ပါတီတို့နှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။ နာဂတိုင်းရင်းသားများ ဦးစီးဖွဲ့စည်းထားသော နာဂအမျိုးသားပါတီသည် ဒေသခံလူထုထောက်ခံမှု အလွန်အားကောင်းသည့် ပါတီဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် နန်းယွန်းမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ် အတွင်းရှိ မဲဆန္ဒနယ်မြေများ၌ NLD ပါတီက အနိုင်ရရှိထားသည့်အတွက်  ၂၀၂၀ ရွေးကောက်ပွဲတွင် စိတ်ဝင်စားစရာကောင်းသည်။

အမည်  - ဦးမျိုးမြင့်

အသက်          - ၅၁ နှစ်

ပညာအရည်အချင်း - B.Sc (Chem)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ခင်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပြည်သူ့ပါတီကိုယ်စားပြု၍ ယှဉ်ပြိုင်သူမှာ ဦးမျိုးမြင့်ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ်မြေတွင်၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက ခိုင်လုံမဲ  ၅၅၄၈၉ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက ခိုင်လုံမဲ ၁၉၉၃၅ ဖြင့် ဒုတိယမဲ အများဆုံး ရရှိခဲ့သည်။ လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီအပါအဝင် ပြည်မပါတီ ငါးပါတီက ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် စိတ်ဝင်စားဖွယ်ကောင်းသော မဲဆန္ဒနယ်မြေဖြစ်သည်။

အမည်  - ဦးထွန်းဝေ

အသက်          - ၅၃ နှစ်

ပညာအရည်အချင်း - LL.B (Law)

လူမျိုး - ရခိုင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)

ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ ဦးထွန်းဝေသည် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃) တွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး တရားလွှတ်တော်ရှေ့နေ ဖြစ်သည်။ ၎င်းသည် ၁၉၈၈ အရေးအခင်းကာလတွင် တစ်ပါတီ အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ဆန့်ကျင်လှုပ်ရှား ဆောင်ရွက်ခဲ့သလို စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဒီမိုကရေစီ ရရှိရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် NLD ပါတီ၊ USDP ပါတီ၊ ပြည်သူ့ပါတီ၊ UBP ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ် ပြိုင်သည့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်။

အမည်  - ဦးစန်းလှိုင်ဝင်း(ခ) စာပေမြင့်

အသက်          - ၃၅ နှစ်

ပညာအရည်အချင်း - B.C.sc (D.S.A)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - UBP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၄)

တပ်မတော်မှ ထိပ်ပိုင်းခေါင်းဆောင်ဟောင်း သူရဦးရွှေမန်း ဦးစီးတည်ထောင်ထားသော UBP ပါတီ ကိုယ်စားပြု၍ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ ဦးစန်းလှိုင်ဝင်း(ခ) စာပေမြင့်ဖြစ်သည်။ ၎င်းအနေဖြင့် အမျိုးသား လွှတ်တော်တွင် ဝင်ရောက် အရွေးခံခြင်းသည် အစိုးရပြုတ်ကျရေးနှင့် အမတ်ဖြစ်ရေးအတွက် မဟုတ်ဘဲ ဘဝတူ ပြည်သူများ၏ အခက်အခဲများကို တတ်နိုင်သ၍ လက်ရှိထက်ပိုပြီး ကူညီပ့ံပိုးပေးနိုင်ရန် ဖြစ်ကြောင်း ကြွေးကြော်ထားသည်။ ဦးစန်းလှိုင်ဝင်းသည် လက်ရှိအာဏာရပါတီ NLD ပါတီနှင့် USDP ပါတီမှ ကိုယ်စားလှယ်လောင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အမည် - ဦးဝင်းအောင်

အသက်          - ၅၄ နှစ်

ပညာအရည်အချင်း - B.A (Q), MA ပထမနှစ် (က) အောင်

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၄)

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) မှ ဝင်ရောက်ယှဉ်ပြိုင်သော ဦးဝင်းအောင်သည် လက်ရှိ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ ၎င်းသည် ၈၈ အရေးတော်ပုံတွင် ကန့်ဘလူမြို့နယ် ကျောင်းသားခေါင်းဆောင်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်) တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ NLD ပါတီ စစ်ကိုင်းတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူးဖြစ်ပြီး ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး၊ ကန့်ဘလူ ဆင်ဘေးမဲ့တော သတ်မှတ်ရေး၊ ဖားကန့်ရေအရင်းအမြစ် ကာကွယ်ရေး၊ ရွှေသမင် ထိန်းသိမ်းရေးကိစ္စ လွှတ်တော်နှင့် ဌာနဆိုင်ရာများသို့ တင်ပြဆောင်ရွက်ခဲ့သည်။

အမည် - ဦးသန်းဇော်ဦး

အသက်          -  ၃၇ နှစ်

ပညာအရည်အချင်း - Eco

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဒီပဲယင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

၂၀၁၉  သြဂုတ် ၈ ရက်တွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိသည့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးသန်းဇော်ဦးသည် ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ပြည်မပါတီ သုံးခုဖြစ်သော NLD ပါတီ၊ USDP ပါတီနှင့် UBP ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီမှ ကိုယ်စားလှယ်လောင်းက ခိုင်လုံမဲ ခြောက်သောင်းကျော်ရရှိကာ အခြားပြိုင်ဘက်ပါတီများကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသည်။

အမည် - ဦးစိုင်းနေဦး

အသက်          - ၃၁ နှစ်

ပညာအရည်အချင်း - B.Sc (Physics)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရွှေဘိုမြို့နယ်၊ ပြည်သူ့လွှတ်တော်၊ မဲဆန္ဒနယ်

ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစိုင်းနေဦးသည် လူငယ်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ တောင်သူလယ်သမားများဘဝ တိုးတက်မြင့်မားရန် ခေတ်မီစိုက်ပျိုးရေး နည်းပညာများ ပံ့ပိုးရေး၊ ခေတ်မီရေပေးဝေစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် လယ်ယာသုံး စက်ကိရိယာများ စျေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရေး အထူးကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ၎င်းက ကြွေးကြော်ထားသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ မဲအသာဖြင့် အနိုင်ရရှိထားသည်။

အမည်  - ဒေါက်တာအေဇင်လတ်

အသက်          - ၃၉ နှစ်

ပညာအရည်အချင်း - M.B.B.S (Mdy)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရွှေဘိုမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ပညာတတ်အမျိုးသမီး ဆရာဝန်တစ်ဦးဖြစ်သော ဒေါက်တာအေဇင်လတ်သည် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲတွင် ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိထားသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အဆိုပါ မဲဆန္ဒနယ်မြေ၌သာ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ မန္တလေးဆေးတက္ကသိုလ်မှ M.B.B.S ဘွဲ့ရရှိထားသူဖြစ်ပြီး  လူမှုဖူလုံရေးအဖွဲ့ ဆေးပေးခန်း (ကောလင်း) တွင် တာဝန်ခံဆရာဝန်၊ မန္တလေး ပြည်ကြီး တံခွန်မြို့နယ်တွင် လက်ထောက်ဆရာဝန် (မုံရွာ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ချမ်းမြေ့သုခ လူမှုကူညီရေးအဖွဲ့ဝင်နှင့် သုခရိပ်မြုံ ပရဟိတဂေဟာတွင် တာဝန်ခံ ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။

​​​​​​​

အမည် - ဦးအောင်စိုး

အသက်          - ၆၈ နှစ်

ပညာအရည်အချင်း - B.A (Eco), H.G.P

 လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ယင်းမာပင်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ NLD ပါတီ ကိုယ်စားပြုယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးသည် လာမည့် ရွေးကောက်ပွဲတွင် အဆိုပါ မဲဆန္ဒနယ်မြေ၌သာ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် NLD ပါတီ၊ မုံရွာမြို့နယ် အတွင်းရေးမှူးဖြစ်ပြီး ကြက်ခြေနီ၊ သ/မတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဦးအောင်စိုးသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီတို့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ပါတီလေးခုသာ ယှဉ်ပြိုင်ခဲ့သည်။

Most Read

Most Recent