စပိန်လာလီဂါပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်
Photo: Laliga
Photo: Laliga
Published 25 October 2020

ဗယ်လာဒိုလစ် - အလာဗတ်စ်

ဗယ်လာဒိုလစ် နိုင်ပွဲရဖို့ ရုန်းကန်နေရတုန်းပါပဲ။ အသင်း ကစားပုံ၊ ကစားအား မဆိုးလှပေမဲ့ တိုက်စစ်က အားရစရာမရှိ လှဘူး။ ဒါပေမဲ့ ဗယ်လာဒိုလစ်တို့ အိမ်ကွင်းမှာ အားထည့်လာရင် အလာဗတ်စ် တောင့်ခံဖို့ခက်မှာပါ။ အိမ်ရှင်နဲ့ ဂိုးအများပါပဲ။

ကာဒစ်ဇ် - ဗီလာရီးယဲလ်

လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်ကို အနိုင်ရထားလို့ ကာ ဒစ်ဇ်တို့ စိတ်ဓာတ်တက်<ကနေနိုင်သလို၊ ယုံကြည်မှုလည်း ပို အားကောင်းနေနို်င်တယ်။ ဒါ့အပြင် လာလီဂါပွဲစဉ် (၆)အပြီးမှာ ရမှတ် (၁၀)မှတ်အထိ စုဆောင်းထားနိ်ုင်တဲ့ ကာဒစ်ဇ်ရဲ့ခြေစွမ်းက တန်းတက်အသင်းဆိုတာထက် ပိုပါတယ်။ ဗီလာရီးယဲလ်ကလည်း အမှားနည်းအောင်ကစားပြီး အမှတ်ရအောင်ယူတတ်တဲ့အသင်း ပါ။ ဒါပေမဲ့ ဗီလာရီးယဲလ်ရဲ့ အဝေးကွင်းကစားပုံက လိုအပ်ချက် များနေသေးတာကို တွေ့ရတယ်။ ဒီတော့ ဒီပွဲလည်း အိမ်ရှင် ကာ ဒစ်ဇ်နဲ့ ဂိုးအများကိုပဲ ကြိုက်နေမိတယ်။

ဂီတာဖေး - ဂရန်နာဒါ

ဂရန်နာဒါကတော့ ယူရိုပါလိဂ်ဘက်ကို အာရုံပိုကျနေနိုင် တယ်။ ဒါကြောင့် အဝေးကွင်းပွဲမျိုးမှာ ဂရန်နာဒါရဲ့ ကစားအားကို သိပ်ပြီးယုံထားလို့မဖြစ်ဘူး။ အထူးသဖြင့် လာလီဂါတစ်ခုတည်း ကိုပဲ အာရုံအပြည့်စိုက်ပြီး အင်နဲ့အားနဲ့ ပိုကစားပြလာနိုင်တဲ့ ဂီ တာဖေးရဲ့ အိမ်ကွင်းကစားအားက ဘာစီလိုနာကိုတောင် ဒုက္ခ ကောင်းကောင်းပေးနိုင်ခဲ့တာတွေ့ရလို့ အခုလည်း ဂီတာဖေးရဲ့ ကစားပုံကစားအားက ဂရန်နာဒါကို အခက်တွေ့စေဦးမှာ သေ ချာတယ်။ ဂီတာဖေးနဲ့ ဂိုးအများပဲ ပိုကြိုက်နေမိတယ်။

ဆိုစီဒက် - ဟွယ်ဆကာ

နိုင်ပွဲမရှိသေးပေမဲ့ သရေ (၅)ပွဲရအောင် ကစားပြထားတဲ့ ဟွယ်ဆကာရဲ့ ထိန်းကစားနိုင်စွမ်းကို လျှော့တွက်လို့မဖြစ်ဘူး။ ဆိုစီဒက်ကလည်း ဒဏ်ရာပြဿနာတွေကြားထဲကနေ နိုင်ပွဲ တွေ ပြန်ယူပြနေပြီး ကစားပုံဟန်ချက်လည်း ပိုညီလာတယ်။ ဒါပေမဲ့ ဟွယ်ဆကာရဲ့ ခံစစ်အားပြုကစားဟန်ကြောင့် အိမ်ရှင် ဆိုစီဒက်တို့ နိုင်ရင်တောင် ဂိုးနည်းနည်းနဲ့့ပဲ ကပ်နိုင်လိမ့်မယ်။

Most Read

Most Recent