မည်သည့်နေရာဒေသတွင် မလုံခြုံသည်ကို ခိုင်လုံသောအထောက်အထားနှင့် ရှင်းလင်းသည့် ဖော်ပြချက် မပါသည့်အတွက် UEC ၏ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့်နယ်မြေများ သတ်မှတ်ခြင်းအပေါ် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်

မည်သည့်နေရာဒေသတွင် မလုံခြုံသည်ကို ခိုင်လုံသောအထောက်အထားနှင့် ရှင်းလင်းသည့် ဖော်ပြချက် မပါသည့်အတွက် UEC ၏ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့်နယ်မြေများ သတ်မှတ်ခြင်းအပေါ် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်
Published 20 October 2020
စည်သာ (တောင်ကြီး)

မည်သည့်နေရာဒေသတွင် မလုံခြုံသည်ကို ခိုင်လုံသောအထောက်အထားနှင့် ရှင်းလင်းသည့် ဖော်ပြချက် မပါသည့်အတွက်  UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ၏ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် နယ်မြေများ သတ်မှတ်ခြင်းအပေါ် လော်ဝေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကန့်ကွက်ကြောင်း အောက်တိုဘာ ၁၈ ရက် ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၏ ၁၆-၁၀-၂၀၂၀ ရက် ကြေညာချက်အမှတ် (၁၉၇/၂၀၂၀) တွင် ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့်နယ်မြေများစာရင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ဖော်ပြပါ ကြေညာ ချက်တွင် ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ် မန်ပြိန်းကျေးရွာအုပ်စုသည် လက်ရှိအချိန်အခါ တွင် အစိုးရအုပ်ချုပ်သည့် တရားဥပဒေစိုးမိုးသော နယ်မြေဒေသဖြစ်နေပါကြောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲကျင်းပခဲ့သော နေရာဖြစ်ကြောင်း သိရသည်။ ထိုဒေသမှ မဲဆန္ဒရှင် ပြည်သူများ ၏ နိုင်ငံသားအခွင့်အရေးဆုံးရှုံးခံရမည့် အ ခြေအနေရောက်ရှိနေသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မည်သည့်နေရာဒေသတွင် မလုံခြုံသည်ကို မည်သို့သော ခိုင်လုံသည့် အထောက်အထားဖြင့် ပြည်သူလူထုထံ ရှင်းလင်းတိကျသော ဖော်ပြချက်မပါရှိဘဲ ထုတ်ပြန်ချက်ကို မိမိတို့ပါတီက လုံးဝ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ရှမ်းပြည်နယ်တွင် မိုင်းလား၊ ပန်ဆန်း၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နှင့် မိုင်းကိုင်စသော ခြောက်မြို့နယ်လုံးတွင် ရွေးကောက်ပွဲကျင်း ပနိုင်ခြင်း မရှိကြောင်း၊ ကျောက်မဲတွင် ၁၂  အုပ်စု၊ နောင်ချိုတွင် တစ်အုပ်စု၊ နမ့်ဆန်တွင် သုံးအုပ်စု၊ မန်တုံတွင် နှစ်အုပ်စု၊ မိုင်းခတ်တွင် လေးအုပ်စု၊ မိုင်းယန်းတွင် နှစ်ရပ်ကွက်နှင့် ၁၃ အုပ်စု၊ မိုင်းဖြတ်တွင် တစ်အုပ်စု၊ မိုင်းယောင်း တွင် ရှစ်အုပ်စု၊ ကွတ်ခိုင်တွင် လေးအုပ်စု၊ မူ ဆယ်တွင် တစ်ရပ်ကွက်နှင့် ကိုးအုပ်စု၊ မက် မန်းတွင် ၁၇ အုပ်စု၊ မိုင်းတုံတွင် သုံးအုပ်စု၊ တန့်ယန်းတွင် ၁၁ အုပ်စု၊ လားရှိုးတွင် ခြောက် အုပ်စု၊ ကွမ်းလုံတွင် တစ်အုပ်စု၊ ကုန်းကြမ်း တွင် တစ်အုပ်စု၊ ဟိုပန်တွင် ငါးရပ်ကွက်နှင့် ၃၇ အုပ်စုတို့ရှိကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent