အဓိကတိုက်စစ်မှူး ဒန်နီအင့်စ်အား ဆောက်သမ်တန်အသင်း နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုတော့မည်

အဓိကတိုက်စစ်မှူး ဒန်နီအင့်စ်အား ဆောက်သမ်တန်အသင်း နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုတော့မည်
Photo: Daily Mail
Photo: Daily Mail
Published 20 October 2020

ဆောက်သမ်တန်အသင်းသည် ၎င်းတို့အသင်း၏ အဓိကတိုက်စစ်မှူး ဖြစ်သည့် အင်္ဂလန်လက်ရွေးစင်ကစားသမား ဒန်နီအင့်စ်အား နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုတော့မည်ဖြစ်ကြောင်း သိရှိရသည်။

အင့်စ်သည် ယခုရာသီတွင် ကလပ်နှင့် လက်ရွေးစင်အသင်းအတွက် စုစုပေါင်း (၈)ပွဲကစားရာတွင် (၅)ဂိုးသွင်းယူထားသူဖြစ်သည်။ သူသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလအတွင်းက စပါးအသင်း၏ ချဉ်းကပ်မှုကိုခံခဲ့ရပြီး အခြားအသင်းကြီးများကလည်း လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်ခေါ်ယူရန် စိတ်ဝင်စားခြင်းကိုခံခဲ့ရသည်။

ယင်းအတွက်ကြောင့်ဆောက်သမ်တန်အသင်းက ဒန်နီအင့်စ်ကို အလျင်အမြန် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အသင်းနည်းပြ ဟာဆန်ဟူတယ်လ်ကလည်း အသင်းမှ အင့်စ်ထွက်ခွာရန် ဖြစ်နိုင်ခြေမှာ Zero ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒန်နီအင့်စ်သည် လီဗာပူးလ်သင်းထံမှ ဆောက်သမ်တန်အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်သွင်းဂိုး (၂၂)ဂိုးအထိသွင်းယူကာ ဂိုးသွင်းဘုရင်ဖြစ်ခဲ့သည့် ဗာဒီထက် တစ်ဂိုးသာလျော့နည်းခဲ့သူဖြစ်သည်။

ယခုအခါ ဆောက်သမ်တန်အသင်းသည် အင့်စ်နှင့် နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကာ (၄) နှစ်သက်တမ်းတိုးသွားမည်ဟု သိရှိရသည်။

Most Read

Most Recent