■ ကန်ဆယ်လိုအား ခေါ်ယူရန် အယ်လ်ဟီလာအသင်း သဘောတူညီမှုရရှိခဲ့ပြီး (၃)နှစ်စာချုပ် ချုပ်ဆိုမည်     

■ ကန်ဆယ်လိုအား ခေါ်ယူရန် အယ်လ်ဟီလာအသင်း သဘောတူညီမှုရရှိခဲ့ပြီး (၃)နှစ်စာချုပ် ချုပ်ဆိုမည်     
Photo: Getty Images
Photo: Getty Images
Published 23 August 2024

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် မန်စီးတီးအသင်းမှ ပေါ် တူဂီနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး (၃)နှစ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။    

    

ကန်ဆယ်လို(၃၀ နှစ်)သည် ၂၀၁၉ ခုနှစ်တွင် ဂျူဗင်တပ်စ်အသင်းမှ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး နည်းပြ ဂွါဒီယိုလာ၏ အ ရေးပါသော ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ 

သို့သော် နောက်ပိုင်းတွင် ဂွါဒီယိုလာနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့သည့်အတွက် ၂၀၂၂-၂၃ ရာသီ၌ ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချခံခဲ့ရသလို၊ ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ဘာစီလိုနာအသင်းထံ အငှားချခံခဲ့ရသည်။  

ယခုအခါ မန်စီးတီးအသင်းက ၎င်းကို အသင်းတွင်  နေရာပေးလိုခြင်းမရှိတော့သည့်အတွက် အယ်လ်ဟီလာအသင်းထံ ရောင်းထုတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    

အယ်လ်ဟီလာအသင်းသည် ကန်ဆယ်လိုကို ခေါ်ယူရန် ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀)ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး (၃)နှစ်စာချုပ်အ တွက် ကစားသမားဖြစ်သူကို ယူရိုသန်း(၇၀)ကျော် ပေးချေသွားမည် ဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် မန်စီးတီးအသင်းက အယ်လ်ဟီလာအသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့သလို၊ ကန်ဆယ်လိုကလည်း လက်ခံခဲ့ကြောင်း သိရသည်။ 

ဆော်ဒီကလပ်အသင်းများသည် ယခုနွေရာသီတွင် ထိပ်တန်းကစားသမားများ ခေါ်ယူနိုင်ရန် နှောင့်နှေးနေသည့်အတွက် စျေးကွက်မပိတ်မီ အရှိန်မြှင့်ကြိုးပမ်းဖွယ်ရှိကြောင်း သိရသည်။