‘တကယ်လို့ မြေပြင်မှာ မဲဆွယ်စည်းရုံးခွင့်ရှိတယ်ဆိုရင် နိုင်ဖို့ ၅၀၊ ၅၀ ပဲ။ သူ ၅၀ ကိုယ် ၅၀ ပဲ။ အခုက ပါတီအသစ်တစ်ခု ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဒီ Brand ကို ပြည်သူလူထုကြားမှာ ဖောက်ရမယ့်အချိန်မှာမှ လုံးဝခြေချုပ်မိသွားတယ်’
ရွေးကောက်ပွဲကျင်းပမည့်ရက် နီးကပ်လာသော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကြေညာထားသဖြင့် နိုင်ငံရေးပါတီများ မြေပြင်ဆင်း၍ မဲဆွယ်စည််းရုံးခွင့် မရသည့်အခြေအနေတွင် ပါတီသစ်တစ်ခုဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်တစ်ဦးလည်းဖြစ်သည့် ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်ဦး၏ ရွေးကောက်ပွဲအောင်နိုင်ရေးအပေါ် မျှော်မှန်းချက်နှင့် ရွေးကောက်ပွဲတစ်ခုလုံးအပေါ် အမြင်အား မေးမြန်းထားသည်များမှ အကြောင်းအရာအချို့ကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။
မေး - အစ်ကိုအနေနဲ့ PPP ပါတီကနေပြီးတော့မှ ကိုယ်စားလှယ်လောင်းအဖြစ် ဘာကြောင့်ယှဉ်ပြိုင်ဖြစ် တာလဲဆိုတာ ပြောပြပေးပါ။
ဖြေ - ကျွန်တော့် Professional အလုပ်က ကိုယ်ပိုင်ကျောင်းဆရာ။ ကျူရှင်ပါ။ ကျွန်တော့်အသက်က ၃၀ ကျော်ပဲရှိသေးတယ်။ လူငယ်လည်းဖြစ်တော့ လေ့လာတာပေါ့။ နိုင်ငံရေးဆိုတာ ကျွန်တော်တို့ နိုင်ငံ့အရေးပဲ။ နိုင်ငံရေးမှာ ကျွန်တော်တို့လူငယ်တွေ အင်အားလည်း တစ်တက်တစ်အားလိုအပ်တယ်။ ကျွန်တော် လေ့လာကြည့်တဲ့အခါမှာ ရှေ့မှာတော့ ပါတီကြီးတွေ ရှိတာပေါ့။ NLD တို့ USDP တို့ရှိကြတယ်။ ဒါပေမဲ့ သူတို့တွေမှာက နိုင်ငံရေးဖြတ်သန်းမှုတွေ ရှိကြပါတယ်။ သို့ ပေမဲ့ သူတို့ဆီမှာ ကျွန်တော် လေ့လာကြည့် တော့ မူဝါဒတွေကျတော့ အားကောင်းမောင်းသန်တဲ့မူဝါဒမျိုး မတွေ့ရဘူး။ ပြည်သူ့ရှေ့ဆောင်မှာကျတော့ သူ့ရဲ့မူဝါဒတွေ ချပြထားတယ်။ လမ်းစဉ်လေးတွေ ချပြထားတော့ လေ့လာကြည့်တဲ့အခါမှာ နှစ်သက်တယ်။ ကြိုက်တယ်။ အဲဒီတော့ ဒီပါတီကနေ မူဝါဒတွေကို လိုက်နာပြီးတော့ ဒီပါတီကနေ နိုင်ငံ့အတွက် တစ်ထောင့်တစ်နေရာပါဝင်မယ်ဆိုပြီး ဆုံး ဖြတ်ပြီးတော့ ပါတီဝင်ဖြစ်တယ်။ ပြီးတော့မှ ဒီပါတီက ရွေးကောက်ပွဲမှာဝင်ယှဉ်ပြိုင်ဖို့ ဖိတ် ခေါ်တဲ့အခါမှာ ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။
မေး - လက်ရှိကာလက ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားတဲ့ မဲဆွယ်စည်းရုံးရေးကာလလည်း ဖြစ်တယ်။ ဒါပေမဲ့ COVID ရောဂါကြောင့် ရန်ကုန် တိုင်းအတွင်း မြိုနယ်တွေကို Stay at Home ကြေ ညာထားတော့ မဲဆန္ဒနယ်အတွင်း မဲဆွယ်စည်းရုံးမှာ ဘယ်လိုအခက်အခဲတွေရှိနေလဲ။
ဖြေ - ရွေးကောက်ပွဲကို ၉ လပိုင်း ၈ ရက်နေ့မှာ တရားဝင်မဲဆွယ်ခွင့်ပေးလိုက်ပြီးတော့ ၈ ရက်နေ့နဲ့ ၉ ရက်နေ့ နှစ်ရက်ပဲ ကျွန်တော်တို့ ရွေးကောက်ပွဲ မဲဆွယ်ခွင့်ရလိုက်တယ်။ ၉ ရက်နေ့မှာ လှိုင်သာယာ အရှေ့ရော၊ အနောက် ရော မြို့နယ်တွေပေါင်းပြီးတော့ ကားရယ်၊ ဆိုင်ကယ်ရယ်၊ သုံးဘီးဘေးတွဲတွေရယ် ပေါင်း ပြီးတော့ အဲဒီတစ်ရက်တော့ မနက်တစ်ပိုင်း လောက် လှည့်လိုက်တယ်။ ၁၀ ရက်နေ့ကျ တော့ Stay at Home ဆိုပြီး ပိတ်ပစ်လိုက်တာ ဒီနေ့အထိပဲ။ ၂၁ ရက်နေ့အထိဆိုတော့ ကျန်း မာရေးကထုတ်ပြန်ထားတဲ့ ဥပဒေတွေကို Stay Home နေရတယ်။ ရုံးထိုင်တယ်။ လိုင်း ပေါ်ကနေ တချို့ဆိုရင် ပါတီဝင်ရောက်ချင် တယ်။ ပါတီဝန်းရံချင်တယ်ဆိုရင် သူတို့မေးသမျှလည်း ဖြေကြားပေးတယ်။ တချို့ကျတော့ ကျွန်တော်ဒီပါတီမှာ ပါတီဝင်ဖြစ်ချင်ပါတယ်။ အဲဒါမျိုးတွေတော့ လာပါတယ်။ ကိုယ်မသွားနိုင်ရင်တောင်မှ လူငယ်တွေကျတော့ လေ့လာ အားကောင်းတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်း လမ်းစဉ်လေးတွေ ချပြထားတယ်။ ပါတီ မူဝါဒတွေ ချပြထားတယ်။ အန်တီသက်သက်ခိုင်ရဲ့ အင်တာဗျူးကြည့်ပြီးတော့ စိတ်ပါဝင် စားစွာနဲ့ လာပြီးတော့ ပါတီကို ဝင်ကြတာတွေ ရှိိတယ်။ လာပြီး ဆွေးနွေးတာတွေရှိတယ်။ အဲဒီအခါကျတော့ အရင်တုန်းကလို မဲဆွယ် သလိုမျိုးတွေတော့ ဆွယ်လို့မရဘူး။ လာသလောက်တော့ ရှင်းပြရတယ်။ ပါတီဝင်တွေ လက်ခံရတယ်။ အခက်အခဲတွေကတော့ တော်တော်များပါတယ်။ တကယ်ဆိုရင် ပါတီအသစ်လည်း ဖြစ်နေတာမို့လို့ လိုင်းမှာ လူသိ တာ ပြည်သူ့ရှေ့ဆောင်ပါတီဆိုတာ PPP ဆိုတာ လိုင်းပေါ်ကပဲ လူသိနေကြတာ မြေပြင်လူသိဖို့ တော်တော်ကြီးကို ခက်သွားတယ်။ ကျွန်တော်တို့ လှိုင်သာယာမြို့နယ်မှာဆိုရင် လက်လုပ်လက်စား များတယ်။ Stay Home ကာလမှာတောင် ဖုန်းမသုံးနိုင်တဲ့သူတွေ ရှိ တယ်။ ဖုန်းနဲ့ ကင်းကွာနေတဲ့သူတွေရှိတယ်။ အဲဒါတွေက ငါးပုံမှာ သုံးပုံလောက်အထိ ရှိ တယ်။ နောက်ပိုင်း အသက်ကြီးတဲ့အပိုင်းအ ခြားတွေ ဒီလိုလူတွေကျတော့ ကျွန်တော်တို့က မြေပြင်မှာသွားပြီးတော့မှ ကျွန်တော်တို့က ဒီပါတီကပါ ကျွန်တော်တို့ လုပ်ငန်းဆောင် တာတွေ ဒါတွေလုပ်ချင်တယ်။ ကျွန်တော်တို့ ကို ယုံကြည်လို့ရတယ်။ ခိုင်းလို့ရပါတယ်ဆိုပြီး တော့ သွားပြီးမဲဆွယ်စည်းရုံးရမှာ။ သို့သော် ကျွန်တော်တို့က ကျန်းမာရေးရဲ့ ကိုဗစ်စည်း ကမ်းတွေကြောင့် ကျွန်တော်တို့က မသွားရ ဘူး။ မသွားရတဲ့အတွက်ကြောင့် တော်တော် ကြီး အခက်အခဲဖြစ်ပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲကျင်းပဖို့က ရက်ပိုင်းလေးပဲ သိပ်မကျန်တော့ ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က မြေပြင်ဆင်းပြီးတော့ မဲဆွယ်စည်းရုံးမရသေးပါဘူး။
မေး - အခုလို မဲဆွယ်စည်းရုံးဖို့ အခက်အခဲရှိနေတာ ရယ်၊ ပါတီအသစ်တစ်ခုလည်းဖြစ်တော့ လက်ရှိ အာဏာ ရပါတီကို ယှဉ်ပြိုင်နိုင်မယ်လို့ ထင်ပါသလား။ ဘယ် လောက်ရာခိုင်နှုန်းအထိ မျှော်မှန်းထားလဲ။
ဖြေ - ပါတီအသစ်လည်းဖြစ်တယ်။ Brand ကို အခုဖောက်နေတယ်။ ပြီးတော့ မဲဆွယ်စည်းရုံးခွင့်ကလည်း မပေးထားဘူးဆိုတော့ ကျွန်တော်တို့ကို သိဖို့အင်မတန်မှခက်တယ်။ နိုင်ဖို့အတွက် တော်တော်ကြီးကိုစဉ်းစားရတယ်။ တကယ်လို့ မြေပြင်မှာ မဲဆွယ်စည်းရုံးခွင့် ရှိ တယ်ဆိုရင် နိုင်ဖို့ ၅၀၊ ၅၀ ပဲ။ သူ ၅၀ ကိုယ် ၅၀ ပဲ။ အခုက ပါတီအသစ်တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဒီ Brand ကို ပြည်သူလူထု ကြားမှာ ဖောက်ရမယ့်အချိန်မှာမှ လုံးဝ ခြေချုပ်မိသွားတယ်။ မသွားရဘူးဆိုတော့ နိုင်ဖို့ က အင်မတန်နည်းသွားတယ်။အင်မတန် နည်းသွားပေမဲ့ ကျွန်တော်တို့ ရည်မှန်းထားတာက ပထမ မရရင်တောင်မှ ဒုတိယ ရနေရ မယ်။ ဘာဖြစ်လို့ဆိုရင် ဒီကနေ ရွေးကောက်ပွဲ ပြီးသွားတာနဲ့ ကျွန်တော်တို့က ပြီးသွားမှာ မဟုတ်ဘူး။ နောက်ထပ် ကြားဖြတ်ရွေးကောက် ပွဲလည်း ဝင်ရောက်ယှဉ်ပြိုင်ဦးမယ်။ နောက်ထပ် ၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဦးမယ်။ကျွန်တော်တို့က ရေရှည်လုပ်သွားမယ်လို့ မျှော်မှန်းထား ပြီးတော့ ဒီပါတီမှာ ဝင်ရောက်လုပ်ကိုင်တာ ဖြစ်တယ်။ အဓိကကလည်း လူထုဘဝ အဓိက လူထုဖွံ့ဖြိုးတိုးတက်ဖို့ကိုပဲ ရည်ရွယ်ထားတာမို့လို့ လုပ်သွားမယ်။ အခုလို အကျပ်အတည်း ကြားက လူမသိလို့ မနိုင်ခဲ့ဘူးဆိုရင်တောင်မှ ကျွန်တော်တို့က ဒုတိယနေရာရအောင် ကြိုး စားမှာပါ။
မေး - လက်ရှိအချိန်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တော့ NLD အစိုးရနဲ့ ရွေးကောက်ပွဲကောက်မရှင်ကို ဝေဖန်မှုတွေရှိနေပါတယ်။ အစ်ကို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ၂၀၂၀ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်မယ်လို့ ထင်ပါသလား။
ဖြေ - အဲဒီဟာကတော့ တကယ်ကြီးကိုလည်းပဲ မြင်နေရတာပဲလေ။ ကျွန်တော်တို့ စစ်တစ်ပိုင်းအစိုးရလို့ သတ်မှတ်ထားတဲ့ ဦးသိန်းစိန် အစိုးရမှာ ၂၀၁၅ အထွေထွေရွေးကောက် ပွဲကြီးမှာ မီဒီယာတွေရော၊ အခြားစောင့်ကြည့် အဖွဲ့တွေရော၊ တကယ်ကြီးစောင့်ကြည့်ပြီး တော့ လက်ခံခဲ့တယ်။ ကျွန်တော်တို့ လက်ခံ မယ်လို့ မထင်ပေမယ့် လက်ခံခဲ့တယ်။ ရွေး ကောက်ပွဲကလည်း အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတယ်။ ချောချောမွေ့မွေ့နဲ့ အာ ဏာလွှဲပြောင်းသွားတယ်။ အခု ပထမဆုံး ကြားရတာက PACE အဖွဲ့ကို စောင့်ကြည့် ခွင့်မပေးဘူး။ အဲဒါကို သတင်းမီဒီယာတွေနဲ့ ဝိုင်းပြီးကြတော့မှ ပြန်ပြီးတော့ စောင့်ကြည့်ခွင့်ပေးတယ်။ ရွေးကောက်ပွဲ တရားမျှတမှု ရှိမလား မရှိလား ပြောဖို့က တအားကြီး စောလွန်းနေသေးတယ်။ ဘာလို့ဆို ရွေးကောက် ပွဲကြီးပြီးသွားမှ သူတို့ကို ဆုံးဖြတ်လို့ရမှာ။ အခုကြည့်ရတော့ တစ်ဖက်သတ်ကြီးဆန်နေတယ်လို့ မြင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ သမ္မတက ပါတီလုပ်ငန်းတွေ သက် တမ်းအတွင်း လုပ်ဆောင်လို့မရဘူးလို့ တရားဝင်ဖော်ပြထားပေမဲ့ အခု ကျွန်တော် တို့သမ္မတကြီးကတော့ ပါတီလုပ်ငန်းတွေကို ပြောင်ပြောင်တင်းတင်း သမ္မတအိမ်တော် မှာတောင် ပါတီဝင်တွေကို တွေ့ဆုံပြီးတော့ ဓာတ်ပုံရိုက်တာတွေ့ရှိတယ်။ Facebook မှာလည်း တရားဝင် Bluemark အကောင့်နဲ့ တရားဝင်မဲဆွယ်တာတွေ ရှိတယ်။ သူကို ဘယ်သူကမှ အရေးမယူနိုင်ဘူး ဖြစ်နေတယ်။ အဲဒီလိုမျိုးတွေပေါ့။ တချို့နိုင်ငံရေးသမား တွေ ပြောနေကြတယ်။ အစိုးရရဲ့ နှုတ်ထွက်နဲ့ UEC ရဲ့ နှုတ်ထွက်သွားပြီး တစ်သမတ်ထဲ ကျနေတယ်။ တကယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ လွတ်လပ်တဲ့ အဖွဲ့အစည် ဖြစ်ရမှာ။ ဘယ်သူမှ ဘက်မလိုက်ဘဲနဲ့ သူ့ရဲ့ မူဝါဒလမ်းညွန်ချက်တွေ သွားနေရ မှာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေး ကောက်ပွဲဖြစ် မယ် မဖြစ်ဘူးတော့ စစ်မရောက် မြားမကုန် ချင်သေးပါဘူး။ ကြိုးစားကြည့်ဦးမယ်။ သူတို့ ရဲ့အခြေအနေ စောင့် ကြည့်ဦးမယ်။ ရွေး ကောက်ပွဲပြီးမှာ ပြောလို့ရမယ့်အနေအထား ပါ။
မေး - တကယ်လို့ အခုရွေးကောက်ပွဲမှာ အစ်ကိုက ရွေးကောက်တင်မြှောက်ခံရမယ်ဆိုရင် မဲဆန္ဒနယ်မြို့ နယ်နဲ့ ပြည်သူတွေအတွက် ဘာတွေများလုပ်ဆောင်ပေး မှာလဲ။
ဖြေ - ကျွန်တော်တို့ လှိုင်သာယာမှာက အလုပ်သမားအင်အားတွေကောင်းတယ်။ အ လုပ်သမားတွေအတွက် အလုပ်တွေ ပိုမိုရရှိ အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှာဖွေတာတွေနဲ့ လုပ်ငန်းတွေများစွာ ဖြစ်လာဖို့အတွက် လုပ်ချင်တယ်။ ဥပမာ လှိုင်သာယာမှာ အဓိကအားဖြင့် အထည်ချုပ်၊ ဖိနပ်လုပ်ငန်းတွေ ရှိ တယ်။ အဲဒါအပြင် စက်မှုလုပ်ငန်းတွေဖြစ်တဲ့ နိုင်ငံခြားကနေ တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်မယ့် ဖုန်းကုမ္ပဏီတို့၊ ကားတို့၊ မော်တော်ဆိုင်ကယ် တို့ အစရှိသဖြင့် ပညာလည်းရှိရမယ်။ အလုပ်လည်းရမယ့်လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုများ ရအောင်ခေါ်ချင်တယ်။ အဲဒီလိုခေါ်မှ လူငယ်တွေဟာ ရွေးချယ်ခွင့်ရှိလာမယ်။ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်တယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံမှာ တွေ့နေရတဲ့ လူငယ်နဲ့ မူးယစ်ဆေးဝါးပြဿနာပါ။ လူငယ် ဆိုတာက စူးစမ်းချင်စိတ်ရှိတော့ ဒါဘာလဲ၊ ဘယ်လိုသုံးတယ်။ သွားပြီးတော့ သုံးကြည့် လိုက်တယ်။ အဲဒီနွံထဲကို မရောက်သင့်ဘဲနဲ့ ရောက်သွားတာတွေရှိတယ်။ အဲဒီလို မူးယစ်နွံ နစ်တဲ့လူငယ်တွေက အလုပ်အကိုင်ပျက် တယ်။ အလုပ်အကိုင်ပျက်တော့ ဘာနဲ့သွား ဆက်စပ်မိသလဲဆိုရင် တရားဥပဒေစိုးမိုး ရေးမှာ သွားပြီးထိရောက်တယ်။ မူးယစ်ဆေး ၀ါးသုံးစွဲချင်လာပြီးဆိုရင် မလုပ်သင့်တဲ့တာ တွေ လုပ်မိတော့မယ်။ အဲဒီမူးယစ်ဆေးဝါးနဲ့ လူငယ်ပြဿနာတွေကို ကျွန်တော်က ဘာလုပ်ချင်တာလဲဆိုရင် Backup လုပ်တယ်။ဘယ်လိုမျိုးလဲဆိုရင် အားကစားကဏ္ဍကို ပိုပြီးတော့ မြှင့်တင်ပေးစေချင်တယ်။ ရပ်ကွက် တိုင်းမှာ For Show မဟုတ်ဘဲနဲ့ အားကစား လုပ်လို့ရမယ့်နေရာတွေ ဘောလုံးအားကစား မှမကဘူး။ နှစ်ယောက်ပဲ ဆော့လို့ရတဲ့ ကြက်တောင်လို့ဟာမျိုးတွေ အဲဒီလိုနေရာတွေ များများဖန်တီးပေးမယ်ဆိုရင် လူငယ်ဆိုတာ ဟို ဘက်စိတ်ရောက်မယ့်အစား သူငယ်ချင်းရေ လာ အားကစားလုပ်ကြရအောင် နှစ်ယောက်ထဲဆိုရင် နှစ်ယောက်ထဲပေါ့။ ၁၀ ယောက်ရှိ ရင် အားကစားတစ်မျိုးမျိုးလုပ်ကြမယ်ဆိုရင် တဖြည်းဖြည်းနဲ့တော့ မူးယစ်နွံထဲရောက်နေ တဲ့ လူငယ်တွေကို ြခေုကစ ပြန်လုပ်ပြီး အား ကစားကဏ္ဍနဲ့ဆွဲတင်ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေရအောင် လုပ်ချင်ပါတယ်။









