အသင်းတစ်သင်းလုံး၏လစာကို (၃၀)ရာခိုင်နှုန်း လျှော့ချရန် ဘာစီလိုနာအသင်း အရေးပေါ်ဆွေးနွေးမည်

အသင်းတစ်သင်းလုံး၏လစာကို (၃၀)ရာခိုင်နှုန်း လျှော့ချရန် ဘာစီလိုနာအသင်း အရေးပေါ်ဆွေးနွေးမည်
Photo: Getty Images
Photo: Getty Images
Published 16 October 2020

ဘာစီလိုနာအသင်းသည် စီနီယာအသင်း ကစားသမားများအပါအဝင် အသင်းတစ်သင်းလုံး၏ လစာပေးချေမှုကို (၃၀)ရာခိုင်နှုန်း  လျှော့ချရန်အတွက် အရေးပေါ်ဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    

ဘာစီလိုနာအသင်းသည် လာမည့်ရက် သတ္တပတ်များအတွင်း စီနီယာအသင်းကစားသမားများ၊ Non-playing Staff (ဝန်ထမ်း) များနှင့် ဆွေးနွေးမည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက် နောက်ဆုံးထား၍ နှစ်ဦးနှစ်ဖက် သဘောတူ ညီမှုရယူရန် သတ်မှတ်ထားကြောင်း Cadena SER ရေဒီယိုက ထုတ်လွှင့်ကြေညာသည်။ 

အကယ်၍ လစာဖြတ်တောက်မှုကို လက်မခံသည့် ကစားသမားများရှိပါက ၎င်းတို့နှင့်ချုပ် ဆိုထားသည့်စာချုပ်ကို ၂၀၂၁ ခုနှစ်တွင် ဖျက်သိမ်းဖွယ်ရှိကြောင်းလည်း ပြီးခဲ့သည့် ရက်သတ္တပတ်က သတင်းများထွက်ပေါ်ခဲ့သည်။ 

ဘာစီလိုနာအသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ရာသီတွင် ယူရို (၉၇)သန်း အရှုံးပေါ်ခဲ့ပြီး ကြွေးမြီပမာဏမှာလည်း ယခင်နှစ်ထက် နှစ်ဆမြင့်တက်လာကြောင်း သိရသည်။ 

ကြွေးမြီပမာဏမှာ ၂၀၁၉ ခုနှစ် ဇွန်တွင် ယူရို (၂၁၇)သန်းရှိရာမှ ယခုနှစ် ဇွန်တွင် ယူရို (၄၈၈)သန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။

    

ယခုရာသီတွင်လည်း ပရိသတ်များ ကြည့်ရှုခွင့်မရသေးဘဲ ကွင်းပိတ်ကစားနေရသဖြင့် ဝင်ငွေထပ်မံလျော့ကျနိုင်ပြီး ယူရို (၇၉၁) သန်းသာရရှိနိုင်ကြောင်း ခန့်မှန်းထား သည်။ 

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ရာသီက ယူရို (၉၇)သန်း အရှုံးပေါ်သော်လည်း ဝင်ငွေ ယူရို (၈၅၅)သန်း ရရှိခဲ့သည်။

Most Read

Most Recent