မြောင်းမြမြို့တွင် ရွေးကောက်ပွဲ မဲရုံလုံခြုံရေးဆောင်ရွက်ရန် သင်တန်းတက်ရောက်နေသော အထူးရဲသင်တန်းသားတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ

မြောင်းမြမြို့တွင် ရွေးကောက်ပွဲ မဲရုံလုံခြုံရေးဆောင်ရွက်ရန် သင်တန်းတက်ရောက်နေသော အထူးရဲသင်တန်းသားတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ
ဓါတ်ပုံ- မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ဓါတ်ပုံ- မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန
Published 13 October 2020
မင်းသူဝင်းထွဋ်

မြောင်းမြမြို့တွင် အောက်တိုဘာလ ၁၃ ရက်က ရွေးကောက်ပွဲ၌ မဲရုံများ လုံခြုံရေးဆောင်ရွက်ရန်အတွက် သင်တန်းတက်ရောက်နေသော အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးထံတွင် COVID-19 ရောဂါကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် သင်တန်းတက်ရောက်နေသော အထူးရဲတပ်ဖွဲ့ဝင်များအား မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးစီး၍ ပြည်သူ့ကျန်းမာရေးပညာရှင်များနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) များ ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးဖြင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အားကစားခန်းမတွင် အောက်တိုဘာ ၁၂ ရက်မှစတင်ကာ COVID-19 Antigen RDT Test များဖြင့် ကျန်းမာရေးစစ်ဆေးရာတွင် ပထမနေ့ ၇၅ ဦး စစ်ဆေးရာတွင် ရောဂါးပိုး တွေ့ရှိရသူ မရှိကြောင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ဒုတိယနေ့အဖြစ် အထူးရဲတပ်ဖွဲ့ဝင် ၉၀ ဦးအနက် တစ်ဦးတွင် COVID-19 ရောဂါပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ အတည်ပြုလူနာဦးရေမှာ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းအထိ ထုတ်ပြန်ချက်များအရ ၅၁၉ ဦးထိ ရှိနေပြီဖြစ်ပြီး ၃၄၉ ဦးမှာ ရောဂါသက်သာပျောက်ကင်းသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း၊ ၁၇၀ ဦးမှာမူ လက်ရှိအချိန်ထိ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သတင်းရရှိသည်။

Most Read

Most Recent