ဗြိတိန်နာမည်ကြီးဖော်မြူလာဝမ်းကားမောင်းသမား ဟာမီလ်တန်သည် အောက်တိုဘာလ(၁၁)ရက်ကကျင်းပခဲ့သည့် အီဖယ်လ်ဂရင်းပရီ ပြိုင်ပွဲတွင် အနိုင်ရပြီးနောက် ဂန္ထဝင်ကားမောင်းသမား မိုက်ကယ်ရှူးမေကာတင်ရှိထားသည့် ဖော်မြူလာဝမ်း နိုင်ပွဲအများဆုံး (၉၁)ပွဲစံချိန်ကို လိုက် မီခဲ့သည်။
မိုက်ကယ်ရှူးမေကာ၏သားဖြစ်သူ ဖော်မြူလာ-၂ ကားမောင်းသမား မစ်ရှူးမေကာက သူ့ဖခင်ဆောင်းခဲ့သည့် အနီရောင် Helmet ကို ဟာမီလ်တန်အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
''ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်လို့ လုံးဝမတွေးထားခဲ့ပါဘူး။ မယုံကြည်နိုင်စရာကောင်းတဲ့ ဂုဏ်ယူဖွယ်ရာတစ်ခုပါပဲ''ဟု ဟာမီလ်တန်က ပြောကြားခဲ့သည်။
ဟာမီလ်တန်သည် ယခုရာသီ (၁၁)ပွဲတွင် (၇)ပွဲမြောက် အနိုင်ရခဲ့ပြီး ရက်ဘူးလ်ကားမောင်းသမား ဗာစတက်ပန်က ဒုတိယနှင့် ရေးနော့တ်အသင်းမှ ရစ်ချာဒိုက တတိယရရှိခဲ့သည်။
■ကမ္ဘာ့ချန်ပီယံရပ်တည်မှု
အမည် ရမှတ်ပေါင်း
ဟာမီလ်တန်(မာစီဒီးစ်) ၂၃၀ မှတ်
ဘိုတက်စ်(မာစီဒီးစ်) ၁၆၁ မှတ်
ဗာစတက်ပန်(ရက်ဘူးလ်) ၁၄၇ မှတ်
ရစ်ချာဒို(ရေးနော့တ်) ၇၈ မှတ်
ဆာဂျီယိုပီရက်ဇ(Racing Point) ၆၈ မှတ်
နော်ရစ်(မက္ကလာရင်) ၆၅ မှတ်
အယ်လ်ဘွန်(ရက်ဘူးလ်) ၆၄ မှတ်