ဆွစ်ဇာလန်၊ ယူကရိန်းတို့နှင့် ကစားမည့်ပွဲစဉ်များတွင် ရယ်ဂီလွန် ပါဝင်နိုင်မည်ဟု အင်းနရစ် ပြောကြား

ဆွစ်ဇာလန်၊ ယူကရိန်းတို့နှင့် ကစားမည့်ပွဲစဉ်များတွင် ရယ်ဂီလွန် ပါဝင်နိုင်မည်ဟု အင်းနရစ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 9 October 2020

စပိန်နည်းပြ အင်းနရစ်က အသင်းနောက်ခံလူ ရယ်ဂီလွန်သည် ဆွစ်ဇာလန်၊ ယူကရိန်းအသင်းတို့နှင့် ကစားမည့် UEFA Nations League ပွဲစဉ်များတွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စပါးအသင်း၏ စပိန်လက်ရွေးစင်ဘယ်နောက်ခံလူ ရယ်ဂီလွန်သည် ပေါ်တူဂီအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် ခြေစမ်းပွဲတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။



ရယ်ဂီလွန်သည် ပေါ်တူဂီနှင့်ပွဲတွင် စပိန်အသင်းအတွက် ဒုတိယအကြိမ်မြောက် ပွဲထွက်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၄၅)မိနစ်သာ ကစားပြီးချိန်တွင် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် လူစားလဲခံခဲ့ရခြင်းဖြစ်သည်။ 

ရယ်ဂီလွန်၏ ဒဏ်ရာပြင်းထန်မည်ကို စိုးရိမ်ခဲ့ကြသော်လည်း အင်းနရစ်က ရယ်ဂီလွန်အနေဖြင့် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အင်းနရစ်က "ပေါ်တူဂီနဲ့ပွဲမှာ ရယ်ဂီလွန် အသေးစားဒဏ်ရာရခဲ့တာကြောင့် ကျွန်တော်တို့ လူစားလဲခဲ့တာပါ။ ဒါပေမဲ့ အားလုံး အဆင်ပြေပြီး အခုဆို ရယ်ဂီလွန်ဟာ အသင်းနဲ့အတူ (၁၀၀)ရာခိုင်နှုန်းအပြည့် လေ့ကျင့်ခန်း ဆင်းနေပါပြီ။ သူ့အနေနဲ့ ဆွစ်ဇာလန်၊ ယူကရိန်းတို့နဲ့ ကစားမယ့်ပွဲတွေမှာ ပါဝင်နိုင်မှာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent