ဥရောပဘောလုံးသတင်းတိုများ

ဥရောပဘောလုံးသတင်းတိုများ
Photos: Getty Images
Photos: Getty Images
Published 9 October 2020

မန်စီးတီးအသင်းသည် ဘာစီလိုနာအသင်း၏ အသင်းခေါင်းဆောင် မက်ဆီအားလာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အကြိုသဘောတူညီမှုအတွက် ဆွေးနွေးခွင့်ရှိနေသဖြင့် ယင်းအပြောင်းအရွှေ့ကို ဆက်လက် ကြိုးပမ်းဦးမည်ဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် EFL လက်အောက်ရှိကလပ်အသင်းများထံမှ ကစားသမားခေါ်ယူခွင့်ရှိသည့် အောက်တိုဘာ (၁၆)ရက်နေ့မတိုင်ခင် ဝက်ဖို့ဒ်အသင်း၏ ဆီနီဂေါနောက်ခံလူ အစ္စမေလာဆားအား ခေါ်ယူရန် ကြိုးပမ်းသွားဦး မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

ဝက်စ်ဟမ်းအသင်းထံမှ ပေါ်တိုအသင်းထံသို့ အငှားဖြင့်ပြောင်းရွှေ့ထားသည့် ဖိလစ်ပီအန်ဒါဆန်က ချန်ပီယံလိဂ်ကစားလိုသည့် ဆန္ဒပြည့်ဝသွားသဖြင့် အလွန်ဝမ်းမြောက်မိသော်လည်း ဝက်စ်ဟမ်းအသင်းတွင် သူ၏ အနာဂတ် ရှိနေသေးသည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။

နောဝစ်ချ်အသင်းသည် လိဒ်စ်ယူနိုက်တက်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အသင်း၏ လူငယ်ကြယ်ပွင့်ကွင်းလယ်လူ ကန့်ဝဲလ်အား ဆက်လက်ထိန်းထားနိုင်မည်ဟု ယုံကြည်နေကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်း၏ တောင်ပံကစားသမား ဒမ်ဘီလီသည် အပြောင်း အရွှေ့နောက်ဆုံးနေ့တွင် မန်ယူအသင်းထံသို့ ပြောင်းရွှေ့ရန်အခွင့်အရေးရခဲ့သော်လည်း စိတ်မဝင်စားဘဲ လာမည့်အပြောင်းအရွှေ့ဈေးကွက်တွင် ဂျူဗင်တပ်စ်အသင်းထံသို့ ပြောင်းရွှေ့ရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

နာပိုလီအသင်း၏ တောင်ပံကစားသမား အင်ဆစ်ဂ်နီက သူသည် အသင်းနည်းပြ ဂတ်တူဆို၏ လက်အောက်တွင်ကစားရသည်ကို ပျော်ရွှင်နေပြီး အသင်းနှင့် ဂတ်တူဆိုတို့ သက်တမ်းတိုးရန် မျှော်လင့်နေသည်ဟု ဆိုခဲ့သည်။

ဂျူဗင်တပ်စ်နောက်ခံလူ ရူဂါနီက သူသည် ဂိုးသမား ဘူဖွန်နှင့် ကွင်းလယ်လူ ရာဘီယူတို့၏ တိုက်တွန်းမှုကြောင့် ပြင်သစ်ကလပ် ရန်းစ်အသင်းထံသို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent