အဲဗာတန်အသင်းကို ပြောင်းရွှေ့ခွင့်ပိတ်ပင်ခဲ့သည့် မန်ယူအသင်းအား ရိုမဲရိုးနှင့် ဇနီးသည် ဒေါသထွက်နေပြီး မေဂျာလိဂ်သို့ ပြောင်းရွှေ့ရန်စီစဉ်နေ

အဲဗာတန်အသင်းကို ပြောင်းရွှေ့ခွင့်ပိတ်ပင်ခဲ့သည့် မန်ယူအသင်းအား ရိုမဲရိုးနှင့် ဇနီးသည် ဒေါသထွက်နေပြီး မေဂျာလိဂ်သို့ ပြောင်းရွှေ့ရန်စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 8 October 2020

မန်ယူအသင်း၏ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား ရိုမဲရိုးသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလနောက်ဆုံးရက်တွင် အဲဗာတန်အသင်းထံသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း မန်ယူအသင်းက ပိတ်ပင်ခဲ့ခြင်းအပေါ် ဒေါသထွက်နေပြီး သူသည် ယခုအချိန်တွင် မေဂျာလိဂ်သို့ ပြောင်းရွှေ့ရန်စီစဉ်လျက်ရှိသည်။

အဲဗာတန်အသင်းသည် ၎င်းတို့အသင်း၏ ဂိုးသမားပစ်ဖို့ဒ်နှင့် နေရာအပြိုင်လုရန်အတွက် ရိုမဲရိုးအား ခေါ်ယူလိုခဲ့ခြင်းဖြစ်ပြီး ရိုမဲရိုးကလည်း ပြောင်းရွှေ့ရန် သဘောတူခဲ့သည်။

သို့ရာတွင် အဲဗာတန်အသင်းသည် ရိုမဲရိုးအား အငှားဖြင့် ခေါ်ယူလိုခဲ့ခြင်းသာဖြစ်ပြီး မန်ယူအသင်းကမူ ပြောင်းရွှေ့ကြေးရမှ ထွက်ခွင့်ပေးမည်ဖြစ်သဖြင့် အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ပျက်ပြယ်ခဲ့ပြီး အဲဗာတန်အသင်းကလည်း ၎င်းအစား ရိုးမားဂိုးသမား အော်လ်ဆန်ကို အစားထိုးခေါ်ယူခဲ့သည်။

ယင်းအတွက်ကြောင့် ရိုမဲရိုး၏ ဇနီးဖြစ်သူ အီလီယာနာဂွါစီယိုက "သူက ဒီအသင်းအတွက် အစွမ်းကုန်ကြိုးစားခဲ့တယ်။ ဖိုင်နယ်၊ ဆီမီးဖိုင်နယ်များစွာကို ပို့ဆောင်ပေးခဲ့ပေမယ့် နောက်ဆုံးပွဲကျရင် အရန်ခုံထိုင်ရပြီး ဖလားတွေဆုံးရှုံးခဲ့တယ်။ မန်ယူအသင်းအနေနဲ့ သူ့အတွက်အခွင့်အရေး ပြန်ပေးသင့်ပါတယ်" ဟုဆိုခဲ့သည်။

ရိုမဲရိုးသည် ဟန်ဒါဆန် ရောက်လာပြီးနောက် တတိယဦးစားပေးဂိုးသမားဖြစ်လာသဖြင့်  အောက်တိုဘာ (၂၉)အထိဈေးကွက်ဖွင့်သည့် မေဂျာလိဂ်သို့ ထွက်ခွာရန် စီစဉ်နေခြင်းဖြစ်သည်။

Most Read

Most Recent