မိမိတို့အသင်း အဖက်ဖက်က အားနည်းသဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ကလော့ပ်ဝန်ခံခဲ့ပြီး အက်စတွန်ဗီလာအသင်းကို ချီးကျူးစကားဆို

မိမိတို့အသင်း အဖက်ဖက်က အားနည်းသဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ကလော့ပ်ဝန်ခံခဲ့ပြီး အက်စတွန်ဗီလာအသင်းကို ချီးကျူးစကားဆို
Photo: AFP
Photo: AFP
Published 5 October 2020

လီဗာပူးလ်အသင်း၏နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က အက်စတွန်ဗီလာအသင်းကို (၂-၇)ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် မိမိတို့အသင်းသည် အဖက်ဖက်က အားနည်းခဲ့သဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ပြိုင်ဘက် အက်စတွန်ဗီလာအသင်းကိုလည်း ချီးကျူးပြောကြားခဲ့သည်။

ကလော့ပ်က ''ပထမဆုံးပြောချင်တာကတော့ အက်စတွန်ဗီလာအသင်းကို ချီးကျူးချင်ပါတယ်။ သူတို့က ကြံ့ခိုင်မှုအရမ်းကောင်းတယ်။ အရမ်းစမတ်ဖြစ်တယ်။ အရမ်းထိရောက်တယ်။ ကျွန်တော်တို့က အဲ့ဒီလို မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့က အခွင့်အရေးကောင်းတွေရတဲ့အချိန်မှာ အသုံးမချနိုင်ခဲ့ဘူး။ ဒါပေမဲ့ (၇-၂)ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးတဲ့ပွဲကို (၇-၇)ဖြစ်သင့်တယ်လို့တော့ ကျွန်တော်မပြောချင်ပါဘူး။ ကျွန်တော်တို့အသင်းက အမှားအများကြီးကျူးလွန်ခဲ့ပြီး တစ်ခုကတော့ တော်တော်လေးဆိုးပါတယ်။ ပထမဂိုးမှာ အမှားကြီးတစ်ခုကျူးလွန်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာအမှားတွေအများကြီး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က မမှားသင့်တဲ့နေရာတွေမှာ ဘောလုံးဆုံးရှုံးခဲ့ပြီး၊ ကာကွယ်မှုတွေလည်း ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ (၁-၀)ဖြစ်သွားပြီးတဲ့ နောက်မှာ ကျွန်တော်တို့ ဘာဆက်လုပ်ရမှန်းမသိတော့သလိုဖြစ်သွားတယ်။ ဒါက လက်ခံနိုင်စရာမရှိပါဘူး။ ပုံမှန်အားဖြင့်တော့ (၁-၀)နဲ့ ရှုံးနေတဲ့အနေအထားကနေ ပြန်တုံ့ပြန်နိုင်သင့်ပါတယ်။ ကျွန်တော်တို့က အခွင့်အရေးတွေ ဖန်တီးပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့ လမ်းကြောင်းပြောင်းတဲ့ ဘောလုံးတွေကနေ (၃)ဂိုးပေးလိုက်ရတာပါ။ ဝက်ကင်းစ်ရဲ့ ခြေစွမ်းက အံ့သြစရာဖြစ်ပြီး၊ ဂရီးလစ်ရှ်ကလည်း ခြေထဲရောက်တာနဲ့ အရမ်းကောင်းပါတယ်''ဟုပြောကြားခဲ့သည်။