အီတလီစီးရီးအေပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 4 October 2020

အတ္တလန်တာ - ကာဂလီယာရီ (တနင်္ဂနွေညနေ ၅းဝ၀ နာရီ)

အတ္တလန်တာက အရင်ရာသီလိုပဲ တိုက်စစ်မုန်တိုင်း ဆင်နွှဲနေဆဲပါပဲ။ ကာဂလီယာရီက (၂)ပွဲကစားပြီးချိန်မှာ (၂)ပွဲ စလုံး ရှုံးနိမ့်ထားပြီး တိုက်စစ်အားနည်းမှု ပြဿနာရှိနေပါတယ်။  ကြားရက်မှာ လာဇီယိုနဲ့ ပွဲကျပ်ကစားထားရလို့ အတ္တလန်တာ ပွဲပန်းနေနိုင်ပေမယ့် လက်ရှိစုဖွဲ့မှုအရ ကာဂလီယာရီကို အသာ မရစရာအကြောင်းမရှိပါဘူး။ အတ္တလန်တာ အနိုင်သေချာပြီး (၂)ဂိုးပြတ်ပါလိမ့်မယ်။ 

ဘင်နီဗန်တို - ဘိုလော့ဂ်နာ (တနင်္ဂနွေည ရး၃၀ နာရီ)

တန်းတက်အသင်းတွေထဲမှာ ဘင်နီဗန်တိုက အထက် မြက်ဆုံးလို့ ဆိုရမယ်။ ဆမ်ဒိုးရီးယားကို အနိုင်ရတဲ့ပွဲတုန်းက နည်းပြ ဖိလစ်ပိုအင်ဇာဂီရဲ့ လူစားလဲမှုတွေ မှန်ကန်ခဲ့တာလည်း တွေ့ရပါ တယ်။ ဘိုလော့ဂ်နာ အမှတ်လျော့သွားနိုင်တယ်။

လာဇီယို - အင်တာမီလန် (တနင်္ဂနွေည ရး၃၀ နာရီ)

ကွန်တီက အင်တာမီလန်ရောက်မှ သူ့ရဲ့ မာဂုဏ်မြင့်စွမ်းဆောင်ရည်ကို မပြသနိုင် ဘဲဖြစ်နေတယ်။ တိုက်စစ်မှာ လူကာကူနဲ့ မာတီနက်ဇ်ကို ပုံမှန်သုံးစွဲပြီးတည်ငြိမ်နေပေ မယ့် တောင်ပံတိုက်စစ်နဲ့ ကွင်းလယ်စုဖွဲ့မှုကို အကောင်းဆုံးပုံစံဖြစ်အောင် ကွန်တီ မတည် ဆောက်နိုင်သေးဘူး။ လာဇီယိုက မနှစ်ကစုဖွဲ့မှုအတိုင်း ဆက်လက်ချီတက်နေပြီး အီမိုဘီ လီကလည်း ဂိုးတွေသွင်းနေသေးတယ်။ လာဇီယို အမှတ်ရပါလိမ့်မယ်။

ပါးမား - ဗီရိုနာ  (တနင်္ဂနွေည ရး၃၀ နာရီ)

ပါးမားက ကစားသမားကောင်းတချို့ရှိပေမယ့် တည်ငြိမ် မှုမရှိသေးဘူး။ ဗီရိုနာက အသင်းလိုက်ကစားပုံမာကျောပြီး  စိတ် ဓာတ်လည်းပိုကောင်းပါတယ်။ ပါးမား အနိုင်ရသင့်တဲ့ပွဲဆိုပေ မယ့် ဗီရိုနာ အမှတ်လုယူနိုင်ပါလိမ့်မယ်။  

အေစီမီလန် - စပီဇီယာ (တနင်္ဂနွေည ၁ဝး၃၀ နာရီ)

အီဘရာဟီမိုဗစ်မပါဝင်ချိန်မှာ အေစီမီလန်က ရယ်ဘစ် ကို False 9 ပုံစံ ထားကစားခဲ့တယ်။ ပြီးတော့ တိုနယ်လီ၊ ဘရာ ဟင်မ်ဒီယက်ဇ်၊ ကက်စတယ်လေဟို၊ ချာဟာနိုဂလူးတို့ရဲ့ စုဖွဲ့မှု က စပီဇီယာဘက်ကို ဂိုးသွင်းနိုင်ဖို့မခက်ပါဘူး။ စပီဇီယာက ဆာ ဆူအိုလိုကို (၁-၄)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ဆာဆူအိုလိုရဲ့နောက်ထပ် သွင်း ဂိုး (၃)ဂိုး ခွင့်မပြုခဲ့လို့သာ ဒီထက်ဂိုးပို မပြတ်ခဲ့တာပါပဲ။  စပီဇီယာက အေစီမီလန်ကို ဒုက္ခပေးနိုင်စွမ်းမရှိပါဘူး။  အေစီမီ လန် (၂)ဂိုးပြတ် နိုင်ပါလိမ့်မယ်။

ဂျူဗင်တပ်စ် - နာပိုလီ (တနင်္လာနံနက် ၁း၁၅ နာရီ)

ရိုးမားကို သရေကျခဲ့တဲ့ပွဲတုန်းက ဂျူဗင်တပ်စ်ရဲ့ ကစားပုံက လိုအပ်ချက်တွေများခဲ့ပေမယ့် တကယ်တမ်းတိုက်စစ်လမ်း ကြောင်းတွေစတင်တဲ့အခါ စီးရီးအေမှာ ပြိုင်ဘက်အများစုကို ဖြိုခွဲနိုင်စွမ်းရှိနေပါတယ်။ မိုရာတာက ပီယာလို လိုချင်တဲ့ကစားဟန် ထဲ အသားမကျသေးပေမယ့် စီရော်နယ်လ်ဒို ဂိုးမြူးနေတာက အားသာချက်ပါပဲ။ နာပိုလီက (၂)ပွဲဆက် ဂိုးမပေးရဘဲ အနိုင် ထားပြီး သွင်းဂိုး (၈)ဂိုးအထိပိုင်ဆိုင်ထားလို့ ဘိုနူချီ၊ ချီလီနီတို့ဦးဆောင်မယ့် အိုမင်းခါစ ဂျူဗင်တပ်စ်ခံံစစ်ကို ဒုက္ခပေးနိုင်ပါလိမ့် မယ်။ ရာဘီယူူ ပွဲပယ်ပြစ်ဒဏ်ကြောင့်မပါဝင်နိုင်ဘူးဆိုရင် ဂျူဗင်တပ်စ်ရဲ့ ကွင်းလယ်ဟန်ချက် ပျက်သွားနိုင်ပြီး ခံစစ်ကို ကူညီ နိုင်စွမ်းလည်း လျော့သွားပါလိမ့်မယ်။ ရိုးမားနဲ့ပွဲတုန်းကလိုပဲ နာပိုလီရဲ့ လျင်မြန်တဲ့တိုက်စစ်တွေကို ဂျူဗင်တပ်စ် ထိန်းချုပ် ရခက်နိုင်ပြီး အလွန်ဆုံးကပ်နိုင်ရုံပါပဲ။ (၂-၂)၊ (၂-၁) ရလဒ်မျိုး ဖြစ်လာနိုင်တယ်။ 

Most Read

Most Recent