ဒူးဂလပ်စ်ကော်စတာကို ရောင်းချနိုင်ခဲ့လျှင် ဖီအိုရင်တီးနား ကြယ်ပွင့် ခီယေဆာအား ဂျူဗင်တပ်စ် ကမ်းလှမ်းမည်

ဒူးဂလပ်စ်ကော်စတာကို ရောင်းချနိုင်ခဲ့လျှင် ဖီအိုရင်တီးနား ကြယ်ပွင့် ခီယေဆာအား ဂျူဗင်တပ်စ် ကမ်းလှမ်းမည်
Photos : Getty Images
Photos : Getty Images
Published 4 October 2020

ဂျူဗင်တပ်စ်အသင်းသည် ကော်စတာအား အရောင်းစာရင်း တင်ထားပြီး ဝုလ်ဗ်အသင်းထံမှ ကမ်းလှမ်းမှုကို ရရှိခဲ့သော်လည်း ကစားသမားက ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့သဖြင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် အသင်းမှ ၀ါရင့်ဘရာဇီးလ်တောင်ပံကစားသမား ဒူးဂလပ်စ်ကော်စတာကို ရောင်းချရန် ကြိုးစားနေပြီး ၎င်းအား ရောင်းချနိုင်ခဲ့ပါက ဖီအိုရင်တီးနား ကြယ်ပွင့် ခီယေဆာကို ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်းသိရသည်။  

ဂျူဗင်တပ်စ်အသင်းသည် ကော်စတာအား အရောင်းစာရင်း တင်ထားပြီး ဝုလ်ဗ်အသင်းထံမှ ကမ်းလှမ်းမှုကို ရရှိခဲ့သော်လည်း ကစားသမားက ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့သဖြင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် ခီယေဆာအား ခေါ်ယူလိုသော်လည်း ငွေကြေးလိုအပ်ချက်ရှိနေသဖြင့် ကော်စတာကို ဦးစွာရောင်းထုတ်ရမည်ဖြစ်သည်။

ခီယေဆာသည် ပြီးခဲ့သည့်ရာသီက ဖီအိုရင်တီးနားအသင်းတွင် စီးရီးအေ ပွဲစဉ် (၃၄) ပွဲ ကစားခဲ့ပြီး (၁၀) ဂိုးသွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent