လာမည့်ရာသီအတွက် ပြိုင်ပွဲကျင်းပမည့်ကာလသတ်မှတ်ပြီးမှသာ ဧရာဝတီအသင်း လေ့ကျင့်မှုစတင်မည်

လာမည့်ရာသီအတွက် ပြိုင်ပွဲကျင်းပမည့်ကာလသတ်မှတ်ပြီးမှသာ ဧရာဝတီအသင်း လေ့ကျင့်မှုစတင်မည်
Photos: Ayeyawady United FC
Photos: Ayeyawady United FC
Published 4 October 2020

မြန်မာနေရှင်နယ်လိဂ်သည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲများကို အခက်အခဲများကြားမှ ကျင်းပခဲ့ရပြီး လာမည့်ရာသီ စတင်မည့်ကာလကိုလည်း လတ်တလောအခြေအနေအရ သတ်မှတ်နိုင်ရန် မလွယ်ကူသေးပေ။ 

ဧရာဝတီယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် မြန်မာနေရှင်နယ်လိဂ် က ပြိုင်ပွဲကျင်းပမည့်ရက် သတ်မှတ်ပြီးမှသာ စတင်လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်သည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲများကို အခက်အခဲများကြားမှ ကျင်းပခဲ့ရပြီး လာမည့်ရာသီ စတင်မည့်ကာလကိုလည်း လတ်တလောအခြေအနေအရ သတ်မှတ်နိုင်ရန် မလွယ်ကူသေးပေ။ 

ထို့ကြောင့် ဧရာဝတီ အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက " ပြိုင်ပွဲ အပြီးမှာ လေ့ကျင့်မှုကို အကန့်အသတ်မရှိ ရပ်နားထားလိုက်ပြီဖြစ်ပါတယ်။ နယ်မှာနေတဲ့ ကစားသမားတွေလည်း နေရပ်ပြန်သွားပါပြီ။ လာမယ့်ရာသီအတွက် ဘယ်တော့ပြန် လေ့ကျင့်မလဲဆိုတာကတော့ ရောဂါအနေအထားအရ ပြောဖို့ခက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေလို ကြိုတင်ပြင်ဆင်လို့တော့ မဖြစ်နိုင်ပါဘူး။ မြန်မာနေရှင်နယ်လိဂ်က လာမယ့်ရာသီအတွက် ကျင်းပမယ့်ကာလတွေ သတ်မှတ်ပြီးမှပဲ လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ ကစားသမားတွေ ခေါ်ယူတာကိုလည်း ပြိုင်ပွဲရက် သတ်မှတ်ပြီးမှပဲ စတင်ပြုလုပ်နိုင်မှာပါ" ဟု ပြောကြားခဲ့သည်။

ဧရာဝတီအသင်းသည် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲတွင် တတိယနေရာရရှိခဲ့ပြီး ချန်ပီယံဆု စိန်ခေါ်နိုင်သည့် အနေအထား ရှိခဲ့သည်။ ဧရာဝတီအသင်းသည် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းလက်ထက်တွင် နှစ်ရာသီဆက်တိုက် ထိပ်ဆုံးသုံးသင်းစာရင်းဝင်ခဲ့ပြီး ၂၀၁၉ ရာသီတွင် ဒုတိယဆုရရှိခဲ့သည်။ ဧရာဝတီ အသင်းသည် ၂၀၂၀ ရာသီပိတ် နောက်ဆုံး သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့သော ကြောင့် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent