ဆယ်လ်တာဗီဂိုအား အနိုင်ရသည့်ပွဲတွင် ဒမ်ဘီလီကို အသုံးမပြုခြင်းနှင့်ပတ်သက်ပြီး ရော်နယ်လ်ကိုးမန်း ရှင်းလင်း 

ဆယ်လ်တာဗီဂိုအား အနိုင်ရသည့်ပွဲတွင် ဒမ်ဘီလီကို အသုံးမပြုခြင်းနှင့်ပတ်သက်ပြီး ရော်နယ်လ်ကိုးမန်း ရှင်းလင်း 
Photos: Getty Images
Photos: Getty Images
Published 2 October 2020

ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းက ဆယ်လ်တာဗီဂိုအသင်းအား အနိုင်ရသည့်ပွဲတွင် ဒမ်ဘီလီအား အသုံးမပြုခြင်းမှာ နည်းစနစ်ပိုင်းကြောင့် ဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။ 

အောက်တိုဘာ (၁)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဆယ်လ်တာဗီဂို (၀-၃) ဘာစီလိုနာပွဲတွင် ဒမ်ဘီလီသည် အသင်းလူစာရင်းတွင် ပါဝင်ခဲ့သော်လည်း ပွဲကစားခွင့်မရခဲ့ဘဲ အရန်ခုံတွင်သာ ထိုင်နေခဲ့ရသည်။ 

ဒမ်ဘီလီသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းမှထွက်ရဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသူဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ဆန်ချိုကို ခေါ်ယူရန်အဆင်မပြေပါက ဒမ်ဘီလီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

ဆယ်လ်တာဗီဂိုနှင့်ပွဲအပြီးတွင် ဒမ်ဘီလီအား အသုံးမပြုခြင်းနှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ရော်နယ်လ်ကိုးမန်းက "ထရင်ချာအိုနဲ့ ပက်ဒရီတို့က ဒမ်ဘီလီထက် ပိုပြီး ခံစစ်ပိုင်းကိုကူညီနိုင်မယ်ထင်လို့ သူတို့ကို အသုံးပြုခဲ့တာပါ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဒမ်ဘီလီအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိသလားဟု မေးမြန်းမှုကိုလည်း ရော်နယ်လ်ကိုးမန်းက အဆိုပါကိစ္စကို အသင်းနှင့် ကစားသမားတို့က ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။