ဟွယ်ဆကာ - အက်သလက်တီကို (မြန်မာစံတော်ချိန် စက်တင်ဘာ ၃၀ ရက်၊ ည ၁၁:၃၀ နာရီ)
အက်သလက်တီကိုရဲ့ ဆွာရက်ဇ်၊ ကော်စတာ ဘီလူး (၂) ကောင်တိုက်စစ်အတွဲက ပြိုင်ဘက်ခံစစ်သမားတွေအတွက် အိပ်မက်ဆိုးတွေ ဖြစ်လာတော့မှာလား။ ပြီးခဲ့တဲ့ရာသီ အဝေးကွင်းမှာ ခြေစွမ်းအတက်အကျရှိတာမှန်ပေမယ့် အခုတန်းတက် ဟွယ်ဆကာနဲ့တွေ့ဆုံမှုမှာတော့ ယုံကြည်မှုတည်ဆောက်ဖို့ အခွင့်အရေးလို့ပြောရမယ်။ ဟွယ်ဆကာ တောင့်ခံကစားနိုင်ဖို့မရှိလို့ အက်သလက်တီကိုနဲ့ ဂိုးအများကိုပဲ ရွေးကြည့်ထားချင်တယ်။
ဗီလာရီးယဲလ် - အလာဗတ်စ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၃၀ ရက်၊ ည ၁၁:၃၀ နာရီ)
ဗီလာရီးယဲလ်ကလည်း နည်းပြအမ်မရီနဲ့ အံဝင်လာနေပါပြီ။ ကစားပုံကလည်း ပိုဟန်ချက်ညီလာသလို၊ တိုက်စစ်ပိုင်းကလည်း အခွင့်အရေးဖန်တီးမှုပိုင်းမှာ ပိုတိုးတက်လာသလို တွေ့နေရတယ်။ အခုလည်း အိမ်ကွင်းပွဲဖြစ်လို့ ဗီလာရီးယဲလ် အတိမ်းအစောင်း မရှိလောက်ဘူး။ ဒါ့အပြင် အလာဗတ်စ်ရဲ့ အဝေးကွင်း ကစားပုံကလည်း အစဉ်အလာတွေအရကို အားနည်းနေတတ်လို့ ဗီလာရီးယဲလ်ကိုလည်း အချိန်ပြည့်တောင့်ခံနိုင်ဖို့ မရှိလောက်ပါဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲ ကောင်းလိမ့်မယ်။
အီဘာ - အယ်လ်ချီ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက်၊ နံနက် ၂:၀၀ နာရီ)
ဒီပွဲကတော့ ခံစစ်အားပြုကစားနေတဲ့ အယ်လ်ချီနဲ့ အိမ်ကွင်းဆို တိုက်စစ်ပိုဖွင့်လေ့ရှိတဲ့ အီဘာရဲ့အားပြိုင်မှုပါပဲ။ ရာသီအစ ခံစစ်ပိုင်းကို ကျစ်လျစ်မှုရှိအောင်ကစားနိုင်တဲ့ အီဘာရဲ့ကစားပုံကြောင့် အယ်လ်ချီ ဂိုးရဖို့တောင်လွယ်ပါ့မလား စဉ်းစားရမယ်။ အီဘာနဲ့ ဂိုးအနည်းပဲ ရွေးထားရမယ်။
ရီးယဲလ်မက်ဒရစ် - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက်၊ နံနက် ၂:၀၀ နာရီ)
ရီးယဲလ်မက်ဒရစ်ကတော့ အိမ်ကွင်း ဘာနေဗျူးပြင်ဆင်မှုမပြီးသေးလို့ ကိုရိုနာဗိုင်းရပ်စ်ကာလမှာ ကစားနေကျ ဒီစတီဖာနိုကွင်းမှာပဲ ဆက်ကစားဖို့ရှိနေတယ်။ ပြိုင်ဘက်ကလည်း ဗယ်လာဒိုလစ်ဖြစ်နေလို့ သိပ်တော့ခက်ခဲမယ်မထင်ဘူး။ ဗယ်လာဒိုလစ်မှာ ဒဏ်ရာပြဿနာတွေရှိနေတဲ့အပြင် အဝေးကွင်းမှာလည်း မရှုံးအောင်ဘဲ အဓိကထားထိန်းကစားတတ်တဲ့အသင်းဖြစ်လို့ ရီးယဲလ်မက်ဒရစ်စိတ်ကြိုက် တိုက်စစ်ကစားနိုင်ခွင့်ရဖို့ များနေတယ်။ ရီးယဲလ်အတွက် ဒီပွဲမှာ အလိုအပ်ဆုံးက တိုက်စစ်ကစားသမားတွေအစွမ်းပြပြီး ဂိုးရအောင်ကစားပြနိုင်ဖို့ပဲ လိုလိမ့်မယ်။ ဗယ်လာဒိုလစ်ရဲ့ အဝေးကွင်းမှာ ခံစစ်အားပြုကစားပုံရယ်၊ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်နဲ့တွေ့ဆုံမှုမှာ အခက်တွေ့အောင် ကစားပြခဲ့နိုင်တာကိုကြည့်ရင် အခုလည်း ရီးယဲလ်မက်ဒရစ် ဂိုးရဖို့ ခက်ခက်ခဲခဲကစားရဦးမယ်ထင်တယ်။ ရီးယဲလ်မက်ဒရစ်နဲ့ ဂိုးအနည်းကိုပဲ ဦးစားပေးရွေးထားမယ်။