ယနေ့ညကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်
Published 27 September 2020

ဟော်ဖန်ဟင်မ် နှင့် ဘိုင်ယန်မြူးနစ် (၂၇-၉-၂၀၂၀ ည ၈:၀၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်းက ဘိုင်ယန်မြူးနစ်ကို မကြာခဏ ဒုက္ခပေးတတ်တဲ့အသင်းပါ။ ဒါပေမဲ့ ဘိုင်ယန်ရဲ့ခြေစွမ်းက ဥရောပထိပ်တန်းအသင်းတွေတောင် တားဆီးဖို့ခက်နေပြီး ဆာနေး ရောက်လာတာကလည်း အချိုပေါ်သကာဆင့်သလို ဖြစ်သွားခဲ့တယ်။ ဟော်ဖန်ဟင်မ်အသင်းတိုက်စစ်မှာ ခရမ်မာရစ်က ပွဲဦးထွက်ဟက်ထရစ်နဲ့ အဖွင့်လှခဲ့ပေမယ့် ဘောင်ဂတ်တနာ၊ ဒါဘူတို့က ဒုတိယတန်းစားအဆင့်လောက်ပဲရှိတဲ့ ကစားသမားတွေဖြစ်လို့ ပုံစံကောင်းရနေတဲ့ ဘိုင်ယန်ခံစစ်ကို ခြိမ်းခြောက်နိုင်ဖို့က သိပ်မဖြစ်နိုင်ပါဘူး။ အဝေးကွင်းပေမယ့် ဘိုင်ယန် အနိမ့်ဆုံး(၂)ဂိုးတော့ပြတ်မှာပါ။

ဖရိုင်းဘတ် နှင့် ဝုလ်ဖ်ဘတ် (၂၇-၉-၂၀၂၀ ည ၁၀:၃၀ နာရီ)

ကြားရက်တွေမှာ ဝုလ်ဖ်ဘတ်က ယူရိုပါလိဂ်ခြေစစ်ပွဲတွေ ကစားနေရလို့ ဖရိုင်းဘတ်ထက် ပိုအာရုံများနိုင်တယ်။ ဖရိုင်းဘတ်ပဲကြိုက်တယ်။