မွန်ပြည်နယ်အတွင်း ကရင်နိုင်ငံရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များတွင်နေထိုင်သည့် ကရင်လူမျိုးများအနေဖြင့် တိုင်းရင်းသားကိုယ်စားပြုနိုင်ငံရေးပါတီများကို ဆန္ဒမဲပေးရန် ကရင်လူငယ်များကွန်ရက် (မွန်ပြည်နယ်) တိုက်တွန်း

မွန်ပြည်နယ်အတွင်း ကရင်နိုင်ငံရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များတွင်နေထိုင်သည့် ကရင်လူမျိုးများအနေဖြင့် တိုင်းရင်းသားကိုယ်စားပြုနိုင်ငံရေးပါတီများကို ဆန္ဒမဲပေးရန် ကရင်လူငယ်များကွန်ရက် (မွန်ပြည်နယ်) တိုက်တွန်း
Published 12 September 2020
ဘိုဘိုမြင့်

မွန်ပြည်နယ်အတွင်း ကရင်နိုင်ငံရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များတွင် နေထိုင်ကြသည့် ကရင်လူမျိုးမဲဆန္ဒရှင်များအနေဖြင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးကိုယ်စားပြု ပအိုဝ်းနိုင်ငံရေးပါတီနှင့် မွန်တိုင်းရင်းသားလူမျိုးကိုယ်စားပြု မွန်နိုင်ငံရေးပါတီများအား ဆန္ဒမဲပေးရန် ကရင်လူငယ်များကွန်ရက် (မွန်ပြည်နယ်) က တိုက်တွန်းထားကြောင်း ကရင်လူငယ်များကွန်ရက ်တာဝန်ခံ စောသောကြာ၏ ပြောကြားချက်များအရ သိရသည်။

ကရင်တိုင်းရင်းသားလူငယ်များအနေဖြင့် သက်ဆိုင်ရာဒေသများရှိ ကရင်နိုင်ငံရေးပါတီကို ဝန်းရံမည်ဟု တစ်နိုင်ငံလုံးရှိ ကရင်တိုင်းရင်းသားလူငယ်များတွေ့ဆုံပွဲတွင် သဘောထားချမှတ်ထားကြောင်း ကရင်လူငယ်များကွန်ရက် တာဝန်ခံ စောသောကြာက ပြောကြားသည်။

“ အဲဒီသဘာထားအတိုင်းပါဘဲ။ မွန်ပြည်နယ်အတွင်းမှာနေထိုင်ကြတဲ့ ကျွန်တော်တို့ ကရင်တိုင်းရင်းသားတွေကလည်း ကရင်ပါတီကို ဝန်းရံမယ်ဆိုတဲ့ သဘောထားကို ထပ်လောင်း အတည်ပြုထားပါတယ်” ဟု စောသောကြာက ပြောကြားသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပါတီကြီးများက ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ကြောင်း၊ သို့သော်တိုင်းရင်းသားများ၏ အရေးကိစ္စများကို ဥပက္ခာပြုထားကြောင်း၊ မည်သို့မျှ မလုပ်ပေးနိုင်ကြကြောင်း စောသောကြာက ပြောကြားသည်။

“ ဒါကြောင့် အခုလာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးပါတီတွေ အနိုင်ရဖို့ လိုအပ်တယ်။ ဒါမှသာ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စတွေကို သူတို့ပေးတဲ့ဘောင်ထဲကနေ လုပ်မယ်လို ့မြင်တဲ့အတွက် စက်တင်ဘာ ၈ ရက်က ကျွန်တော်တို့ ကွန်ရက်အနေနဲ့ သဘောထားကြေညာချက်ကို ထုတ်ပြန်ထားတာရှိပါတယ်” ဟု စောသာကြား ပြောကြားသည်။

တိုင်းရင်းသားများနေဖြင့် မိမိ၏လူမျိုးကို ကိုယ်စားပြုသော နိုင်ငံရေးပါတီများကို မဲပေးကြရန် လိုအပ်ကြောင်း၊ ကရင်လူမျိုးတစ်ဦးသည် မည်မျှပင်အရည်အချင်းရှိပါစေ အရိပ်တစ်ခုအောက်တွင် သွားနေရသည်ဆိုပါက ၎င်း၏ အရည်အချင်းကို ထုတ်ဖော်ခွင့်သာမည်မဟုတ်ကြောင်း၊ ထို့ကြောင့် မိမိ၏တိုင်းရင်းသားလူမျိုးအရေးကို မိမိ၏တိုင်းရင်းသားပါတီကသာ လုပ်ပေးနိုင်ကြောင်းကို တခြားသော ပါတီကြီးများတွင် ရောက်နေကြသည့် တိုင်းရင်းသားများအား ပြောလိုကြောင်း စောသောကြာက ဆိုသည်။

မွန်ပြည်နယ်အတွင်းရှိ ကရင်လူမျိုး မဲဆန္ဒရှင်များသည်လည်း ကရင်အမျိုးသား အရေးရှေးရှု၍ ကရင်နိုင်ငံရေးပါတီ၏ ကိုယ်စားလှယ်လောင်းများကိုသာ ဆန္ဒမဲပေးရန် မေတ္တာရပ်ခံကြောင်း၊ ထို့ပြင် မွန်ပြည်နယ်တွင် ကရင်နိုင်ငံရေးပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုသည့် မဲဆန္ဒနယ်များတွင်နေထိုင်သည့် ကရင်လူမျိုးမဲဆန္ဒရှင်များအဖြေင့် ပအိုဝ်းလူမျိုးကိုယ်စားပြု ပအိုဝ်းနိုင်ငံရေးပါတီနှင့် မွန်လူမျိုးကိုယ်စားပြု မွန်နိုင်ငံရေး ပါတီများကို ဆန္ဒမဲပြုေးပပါရန် တိုက်တွန်းကြောင်း ကရင်လူငယ်များကွန်ရက် (မွန်ပြည်နယ်) သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်နယ်အတွင်း ကရင်တိုင်းရင်းသား လူမျိုးနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ကရင်ပြည်သူ့ပါတီ (KPP) အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ သထုံမြို့နယ်တွင် မဲဆန္ဒနယ် နှစ်နေရာ၊ ဘီးလင်းမြို့နယ်တွင် မဲဆန္ဒနယ် သုံးနေရာ၊ ပေါင်မြို့နယ်တွင် မဲဆန္ဒနယ် တစ်နေရာ၊ ကျိုက်မရောမြို့နယ်တွင် မဲဆန္ဒနယ် တစ်နေရာနှင့် ကရင်တိုင်းရင်းသား လူမျိုးရေးရာကိုယ်စားလှယ်နေရာတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသား လူမျိုးကိုယ်စားလှယ်နေရာနှင့် သထုံမြို့နယ်တွင် မဲဆန္ဒနယ်နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်းနှင့် မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီဒေသကြီးများတွင် မဲဆန္ဒနယ် ၆၇ နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent