ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် ပြည်သူအား တိုက်ရိုက်အကျိုးပြုသည်များကို ပထမဦးစားပေးပြီး ရုံးဌာနအသုံးစရိတ်များကို ဒုတိယဦးစားပေးအဖြစ် သုံးစွဲရမည် ဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင်၏ လမ်းညွှွန်ချက်ကို လိုက်နာရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက အကြံပြုခဲ့သည်။
သြဂုတ် ၃၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း ၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ယင်းကော်မတီဥက္ကဋ္ဌ ပုဇွန်တောင်မြို့နယ်မဲဆန္ဒနယ် အမှတ် (၂ )တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့် လွင်က ဖတ်ကြားတင်ပြခဲ့သည်။
“ပြည်သူ့ဘဏ္ဍာငွေတွေကို သုံးစွဲရာမှာ ပြည်သူကို တိုက်ရိုက်အကျိုးပြုသည်များကို ပထမဦးစားပေးနဲ့ ရုံးဌာနအသုံးစရိတ်များကို ဒုတိယဦးစားပေးအဖြစ် သုံးစွဲရမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းရှိ အဖွဲ့အ စည်းများနဲ့ ဌာနများအနေဖြင့် အုပ်ချုပ်မှုအသုံးစရိတ်များကို တက်နိုင်သမျှ လျှော့ချပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြည်သူတို့ရဲ့ စားဝတ်နေရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေးတို့အတွက် လိုအပ်တဲ့အသုံးစရိတ်များကို တိုးမြှင့်သုံးစွဲကြစေလိုပါကြောင်း စတဲ့လမ်းညွှန်ချက်များကို အလေးအနက် ထားလိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း အကြုံပြုအပ်ပါတယ်” ဟု ဦးတင့်လွင်က ပြောကြားသည်။
ထို့ပြင် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အသုံးစရိတ်များနှင့်ပတ်သက်ပြီး ဘဏ္ဍာရေး ကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၀ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ကဏ္ဍအလိုက် ငွေလုံးငွေရင်းလုပ် ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းများ လုပ် ငန်းချင်းမထပ်စေရေးအတွက် စိစစ်ကြရန် လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းမှုများပြုလုပ်ကြပြီး ဦးပေးဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများ စီမံကိန်းများကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်၊ ညွှန် ကြားချက်များနှင့်အညီ ဆောင်ရွက်စေကြလို ကြောင်း၊ တည်ဆောက်ရေး၊ ဝယ်ယူရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း၊ စိစစ် ရွေးချယ်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ပြီးစီးမှုအဆင့်အလိုက် ငွေပေးချေခြင်းတို့တွင် လွှတ်တော်က အကြိမ်ကြိမ်ထောက်ပြနေသော်လည်း ကြန့်ကြာမှုများ ရှိနေဆဲဖြစ်သည် ကိုတွေ့ရကြောင်း၊ ထိုသို့မဖြစ်စေရန် သက် ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် လက်အောက်ရုံးခွဲအသီးသီးကို လုပ်ပိုင်ခွင့် များ ခွဲဝေပေးပြီး တာဝန်ရှိသူအဆင့်ဆင့်က တာဝန်ယူတာဝန်ခံဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံတွင် ဖော်ပြထားသည်။
အလားတူ ပြည်ပမှ အကူအညီရငွေ၊ ချေးငွေများနှင့်ပတ်သက်၍ အလေ့အလွင့် မရှိစေဘဲ အကျိုးရလဒ် အပြည့်အဝရရှိစေရန် ကြိုးပမ်းကြစေလို ကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် လူမှုရေး၊ စီးပွားရေးထိခိုက်ခဲ့ မှုများကို ကုစားနိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ပြည်ထောင်စုလွှတ်တော် အတည်ပြု ချက်ဖြင့်ရယူခဲ့သည့် ပြည်ပချေးငွေများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထုတ်ယူသုံးစွဲ ကြမည်ဖြစ်ရာ ရည်ရွယ်ချက်အတိုင်းသုံးစွဲ နိုင်ပါက COVID-19 ကပ်ရောဂါကြောင့် စီး ပွားရေးထိခိုက်မှုကို ကုစားနိုင်မည့်အပြင် စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ် များကိုလည်း ရရှိစေမည်ဖြစ်ကြောင်း စသည့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက် ရန် အစီရင်ခံတွင် ဖော်ပြထားသည်။
“တည်ဆောက်ရေးလုပ်ငန်းများကို ခွင့်ပြု ရန်ပုံငွေပါ ကာလသတ်မှတ်ချက်၊ စံချိန်စံ နှုန်းသတ်မှတ်ချက်များနဲ့အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် အဆင့် ဆင့်ကြပ်မတ်ဆောင်ရွက်သွားရန်နဲ့ တင်ဒါခေါ်တဲ့ လုပ်ငန်းစဉ်အား ဒီဇင်ဘာမှာ အပြီးအပြတ်ဖြစ်စေရန်အတွက် ဌာန၊ အဖွဲ့အစည်း များအနေနဲ့ အထူးဂရုပြုလိုက်နာရန်တို့ကို တိုင်းဒေသကြီးအစိုးအဖွဲ့အနေနဲ့ တွန်းတွန်း တိုက်တိုက်ဆောင်ရွက်သင့်ပါတယ်” ဟု ဦးတင့်လွင်က ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအရ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှစ၍ အဆောက်အအုံဦးစီးဌာန၊ လမ်းဦးစီး၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများကို ျွနါက-ူအေသမပ သြိပ အဖြစ် ပြောင်းလဲသွားမည်ဖြစ် သဖြင့် ဌာနအသီးသီးအနေဖြင့် တည်ဆောက် ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် မဟုတ်ကြောင်း လမ်းညွှန်မှုပြုခဲ့သည့်အတိုင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် လုပ်ငန်းသစ်များကို တင်ဒါ ခေါ်ယူဆောင်ရွက်ရမည်ဟူသော ညွှန်ကြား ချက်ကို ဌာနများအားလုံး လိုက်နာဆောင် ရွက်နိုင်ရေးနှင့် နိုင်ငံတော်သမ္မတရုံးမှ ထုတ် ပြန်ထားသည့် (၁/၂၀၁၇) ညွှန်ကြားချက် များအတိုင်း တိတိကျကျလိုက်နာ၍ လုပ်ငန်း တစ်ခုလုံးကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်နိုင် ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အနီးကပ်ကြီးကြပ်ဆောင်ရွက်သင့် ကြောင်း ဦးတင့်လွင်က ပြောကြားသည်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မယ့် စီမံကိန်းလုပ်ငန်းများ အ ချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ ရန်ပုံ ငွေလွဲပြောင်းသုံးစွဲမှုများ နည်းပါးစေရေးနှင့် ပိုလျှံငွေအမြောက်အမြား ပြန်လည်အပ်နှံမှု မဖြစ်စေရေးတို့ကို ဂရုပြုဆောင်ရွက်ကြသွား ရန်လိုအပ်ကြောင်း သဘောထားမှတ်ချက် ပြုအပ်ပါတယ်” ဟု ဦးတင့်လွင်က ပြောကြား သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအရ ရန်ကုန်တိုင်းဒေသကြီးတွင် ဘဏ္ဍာငွေ ကျပ်ဘီလျံ ၉၂၀ သုံးစွဲမည်ဖြစ် ကြောင်း သိရသည်။
ဥပဒေကြမ်းပါ ရငွေအနေဖြင့် အခွန်အ ကောက်ရငွေ ကျပ် ၇၂၄၄၈ ဒသမ ၅၃၀ သန်း၊ အခြားသာမန်ရငွေ ကျပ် ၅၃၇၉၀၁ ဒသမ ၆၀၀ သန်း၊ ငွေလုံးငွေရင်းရငွေ ကျပ် ၅၉၈၇ ဒသမ ၈၀၁ သန်း၊ ကြွေးမြီရငွေ ကျပ် ၃၀၃၈၃၀ ဒသမ ၁၈၃ သန်း စုစုပေါင်းရငွေ ၉၂၀၁၆၈ ဒသမ ၁၁၄ သန်းဖြစ်ပြီး သုံးငွေအ နေဖြင့် သာမန်အသုံးစရိတ် ကျပ် ၂၁၄၄၈၀ ဒသမ ၁၃၁ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၇၀၅၆၈၇ ဒသမ ၉၈၃ သန်း၊ စုစုပေါင်း သုံးငွေ ကျပ် ၉၂၀၁၆၈ ဒသမ ၁၁၄ သန်းဖြစ် ကြောင်း သိရသည်။