၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ နိုင်ငံပိုင် အခန်းရင်းနှီးမြှုပ်နှံမှု လျာထားချက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၇၈၈၉ ဘီလျံကျော်မှ ကျပ်ဘီလျံ ၅၀၀ ခန့်လျှော့ချ၍ ပြည်ထောင်စုလွှတ်တော် အတည်ပြု

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ နိုင်ငံပိုင် အခန်းရင်းနှီးမြှုပ်နှံမှု လျာထားချက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၇၈၈၉ ဘီလျံကျော်မှ ကျပ်ဘီလျံ ၅၀၀ ခန့်လျှော့ချ၍ ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 24 August 2020
အောင်မင်းသိန်း

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း၏ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင် တင်ပြထားသည် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၇၈၈၉ ဘီလျံကျော်မှ ကျပ်ဘီလျံ ၅၀၀ ခန့် စိစစ် လျှော့ချရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အဆိုပြုတင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

သြဂုတ် ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာများ၊ စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ တစ်ပိုဒ် ချင်းစီအလိုက် အတည်ပြုရန် အဆိုတင်သွင်း ခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းအစီအစဉ်များကို ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းသော ၂၀၂၁-၂၀၂၁ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း နောက်ဆက်တွဲ(၂)၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ ဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂနှင့် ယာဉ်များ၊ အခြားလုပ်ငန်းများ စသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်းအသုံးစရိတ်များထဲမှ လျှော့၍ ခွင့်ပြုရန်ရှိသည့်လုပ်ငန်းများ၊ ငြင်းပယ်ရန်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လွှတ်တော်သို့ အဆိုပြုတင်ပြခဲ့သည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်း အသုံးစရိတ်များထံမှ လျှော့၍ ခွင့်ပြုရန် တင်ပြချက်များကို သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အ စည်းများက လက်ခံကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အမျိုး သားစီမံကိန်းဥပဒေကြမ်း၊ နောက်ဆက်တွဲ (၂)ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင် ငွေလုံး ငွေရင်း အသုံးစရိတ်မှ ဆောက်လုပ်ရေးလုပ် ငန်းများ ဆောင်ရွက်ရန် အသုံးစရိတ်တင်ပြ ချက်သည် ကျပ် ၄၀၀၀ ဒသမ ၃ ဘီလျံ၊ ရုံး သုံးစက်ကိရိယာများ၊ ပရိဘောဂနှင့် ယာဉ် များ စသည့်စက်ပစ္စည်းလုပ်ငန်းများအတွက် တင်ပြချက်သည် ကျပ် ၃၁၁၃ ဒသမ ၂၆၂ ဘီလျံနှင့် အခြားလုပ်ငန်းများအတွက် တင်ပြ ချက်သည် ကျပ် ၇၇၅ ဒသမ ၈၈၂ ဘီလျံဖြစ် ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

ထို့ပြင် နောက်ဆက်တွဲ (၂) ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများက တင်ပြထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်မှ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန် အသုံးစရိတ်တင်ပြချက်များ၊ စိစစ်လျှော့ချငွေ ကျပ် ၄၁၇ ဘီလျံကျော်၊ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂနှင့် ယာဉ်များ စသည့် စက်ပစ္စည်းလုပ်ငန်းများအတွက် တင်ပြချက်များ စိစစ်လျှော့ချငွေ ကျပ် ၆၀ ဘီလျံကျော် နှင့် အခြားလုပ်ငန်းများတင်ပြချက်များမှ စိစစ်လျှော့ချငွေ ကျပ် ၁၅ ဘီလျံကျော်၊ စုစု ပေါင်း ကျပ်ဘီလျံ ၅၀၀ ခန့်ကို စိစစ်လျှော့ချ ရန် ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ် တော်သို့ အဆိုပြုတင်ပြခဲ့သည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်းအသုံးစရိတ် များထဲမှ စိစစ်လျှော့ချရန် ဥပဒေကြမ်းပူး ပေါင်းကော်တီ၏ အဆိုပြုတင်ပြချက်များတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက တင်ပြထားသည့် ငွေလုံးငွေရင်းအသုံး စရိတ်များမှ ကျပ် ၅၂ ဒသမ ၈၅၄ ဘီလျံ၊ စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်းအသုံးစရိတ် များထဲမှ ကျပ် ၁၃ ဒသမ ၈၇၉ ဘီလျံ၊ ပြည် ထဲရေးဝန်ကြီးဌာနက တင်ပြထားသည့် ငွေ လုံးငွေရင်း အသုံးစရိတ်များထဲမှ ကျပ် ၂၄ ဒသမ ၆၃၆ ဘီလျံတို့ ပါဝင်သည်။

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနက တင်ပြထားသည့် ငွေ လုံးငွေရင်းအသုံးစရိတ်များထဲမှ ကျပ် ၃၃ ဒသမ ၉၈၃ ဘီလျံ၊ ပညာရေးဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်းအသုံးစရိတ် များမှ ကျပ် ၉ ဒသမ ၄၆၁ ဘီလျံ၊ ကျန်းမာရေး နှင့် အား^ကာဝန်ကြီးဌာနက တင်ပြထား သည့် ငွေလုံးငွေရင်းအသုံးစရိတ်များထဲမှ ကျပ် ၂ ဒသမ ၇၂၄ ဘီလျံတို့ကိုလည်း ဥပဒေ ကြမ်းပူးပေါင်းကော်မတီက စိစစ်လျှော့ချခဲ့ သည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ဆောက်လုပ်ဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၁၃၉၄ ဒသမ ၁၉၈ ဘီလျံမှ ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်း ကိုးခု၊ ဆောက်ရွက်ဆဲလုပ်ငန်း ၃၁ ခု၊ လုပ်ငန်း သစ် ၄၂ ခု၊ ရုံးသုံးစက်ကိရိယာ၊ ပရိဘောဂနှင့် ယာဉ်များ ဝယ်ယူခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်း ခြောက်ခု စုစုပေါင်းလုပ်ငန်း ၈၈ မှ စီမံကိန်း တန်ဖိုး ကျပ် ၃၂၆ ဒသမ ၆ ဘီလျံကိုလည်း စိစစ်လျှော့ချခဲ့သည်။   

 

Most Read

Most Recent