အာဆင်နယ်နှင့်ကစားမည့် ကွန်မြူနတီဒိုင်းပွဲကို ဒူးဒဏ်ရာကြောင့် ချိန်ဘာလိန် လွဲချော်မည်

အာဆင်နယ်နှင့်ကစားမည့် ကွန်မြူနတီဒိုင်းပွဲကို ဒူးဒဏ်ရာကြောင့် ချိန်ဘာလိန် လွဲချော်မည်
Photo: Getty Images
Photo: Getty Images
Published 22 August 2020

လီဗာပူးလ်တောင်ပံကစားသမား ချိန်ဘာလိန်သည် ဒူးဒဏ်ရာကြောင့် အာဆင်နယ်အသင်းနှင့် ကစားမည့် ကွန်မြူနတီဒိုင်းပွဲကို လွဲချော်တော့မည်ဖြစ်ကြောင်း သိရသည်။ 

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအကြိုအဖြစ် ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်နှင့် FA ဖလား ချန်ပီယံ အာဆင်နယ်အသင်းတို့သည် ကွန်မြူနတီဒိုင်းပွဲကို သြဂုတ်လ (၂၉)ရက်တွင် ဝင်ဘလေကွင်း၌ ကစားမည်ဖြစ်သည်။ 

ချိန်ဘာလိန်သည် သြဂုတ် (၂၁)ရက်တွင် ပြုလုပ်ခဲ့သည့် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ကစားသမားချင်း ထိခိုက်မိကာ ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က အတည်ပြုပြောကြားခဲ့သည်။ 

ကလော့ပ်က "အတော်လေး ကံဆိုးတယ်လို့ ပြောရမယ်။ ချိန်ဘာလိန်ဟာ လေ့ကျင့်ရေးကွင်းမှာ ကစားသမားချင်း ထိခိုက်မိပြီး ဒူးဒဏ်ရာရရှိခဲ့တာပါ။ သူ ဘယ်လောက်အထိ အနားယူရမယ်ဆိုတာကိုတော့ ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ချိန်ဘာလိန်ဟာ ရာသီကြိုကစားမယ့်ပွဲစဉ်တွေကို လွဲချော်တော့မှာပါ။ အာဆင်နယ်နဲ့ပွဲမှာလည်း ချိန်ဘာလိန် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါက သူ့အတွက်ရော၊ ကျွန်တော်တို့အတွက်ပါ ခက်ခဲတဲ့အခြေအနေပါပဲ"ဟု အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ချိန်ဘာလိန်၏ ဒဏ်ရာကို စစ်ဆေးနေဆဲဖြစ်ပြီး ၎င်းအနေဖြင့် အာဆင်နယ်နှင့်ပွဲကိုသာမက စက်တင်ဘာ (၁၂)ရက်တွင် ကစားမည့် တန်းတက် လိဒ်စ်အသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကိုပါ လွဲချော်ဖွယ်ရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent