ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မြန်မာဘိလိယက်အဖွဲ့ ၂၀၂၁ နှစ်ဆန်းပိုင်းတွင် လူရွေးပွဲကျင်းပကာ ပြင်ဆင်မှုများ ပြုလုပ်မည်

ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မြန်မာဘိလိယက်အဖွဲ့ ၂၀၂၁ နှစ်ဆန်းပိုင်းတွင် လူရွေးပွဲကျင်းပကာ ပြင်ဆင်မှုများ ပြုလုပ်မည်
Photo: EMG
Photo: EMG
Published 19 August 2020

မြန်မာဘိလိယက်အဖွဲ့သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲပြီးကတည်းက လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်ပြီး ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများလည်း ယှဉ်ပြိုင်ရန်မရှိသဖြင့် လာမည့်နှစ်ဆန်းပိုင်းမှသာ စတင်ပြင်ဆင်ဖွယ်ရှိနေသည်။ 

 

မြန်မာဘိလိယက်အဖွဲ့သည် ၃၁ ကြိမ် မြောက် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် လူရွေးပွဲကျင်းပကာ ပြင်ဆင်မှုများ စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာဘိလိယက်အဖွဲ့သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲပြီးကတည်းက လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်ပြီး ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများလည်း ယှဉ်ပြိုင်ရန်မရှိသဖြင့် လာမည့်နှစ်ဆန်းပိုင်းမှသာ စတင်ပြင်ဆင်ဖွယ်ရှိနေသည်။ 

"ကျွန်တော်တို့အဖွဲ့ချုပ်ကတော့ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပုံမှန်ပြင်ဆင် နေတဲ့ကာလမှပဲ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီမှာ စခန်းဝင်လေ့ကျင့်ဖို့ လျာထားပြီး ဇန်နဝါရီမှာ ပြိုင်ပွဲအမျိုးအစားအလိုက် လူရွေးပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ နိုင်ငံတကာပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ရှိရင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပေမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက်ကတော့ လာမယ့်နှစ်ဆန်းမှပဲ ပြင်ဆင်မှာဖြစ်ပါတယ်။ ဗီယက်နမ်က ဘိလိယက်၊ စနူကာ နဲ့ Pool ပြိုင်ပွဲတွေမှာ အားကောင်းပြီး သူတို့ အားသာတဲ့ Carom အားကစားနည်းလည်း ပါဝင်လာနိုင်ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပါမယ့်အားကစားနည်းတွေကို သူတို့ဘက်က အတည်ပြုပြီးမှ ကျွန်တော်တို့ဘက်က ပြင်ဆင်သွားမှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးခင်မောင်ဦးက ပြောကြားခဲ့သည်။

မြန်မာဘိလိယက်အဖွဲ့သည် ပြီးခဲ့သည့် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များအနက် အအောင်မြင်ဆုံး အားကစားအဖွဲ့ဖြစ်ခဲ့ပြီး ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု ဆွတ်ခူးရရှိခဲ့သည်။ မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့အတွက် ရွှေတံဆိပ်ဆုကို Pool 9 Ball တစ်ဦးချင်းပြိုင်ပွဲမှ ဘုန်းမြင့်ကျော် (ခ) အားတီ၊ နှစ်ယောက်တွဲပြိုင်ပွဲမှ ဘုန်းမြင့်ကျော်နှင့် အောင်မိုးသူအတွဲ၊ ငွေတံဆိပ်ဆုကို ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲမှ နေသွေးဦး၊ ကြေးတံဆိပ်ဆုများကို စနူကာ နှစ်ယောက်တွဲပြိုင်ပွဲမှ ကိုထက်နှင့် သက်မင်းလင်း၊ 10 ball အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှ အေမီအောင်နှင့် သန္တာမောင်တို့က ရယူပေးခဲ့သည်။

 

Most Read

Most Recent