ရီးယဲလ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို အဂွဲရိုး လွဲချော်မည်ဟု ဂွါဒီယိုလာ အတည်ပြု 

ရီးယဲလ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို အဂွဲရိုး လွဲချော်မည်ဟု ဂွါဒီယိုလာ အတည်ပြု 
Photos: Getty Images
Photos: Getty Images
Published 28 July 2020

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းတိုက်စစ်မှူး အဂွဲရိုးသည် ရီးယဲလ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

အသက် (၃၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးသည် ဇွန်လက ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး (၅-၀) ဘန်လေပွဲတွင် ဒူးဒဏ်ရာ  ရရှိခဲ့သည်။ 

အဂွဲရိုးသည် အဆိုပါဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ယခုအခါ ကြံ့ခိုင်မှုပြည့်ဝရန် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရသည်။ 

ထို့ကြောင့် အဂွဲရိုးအနေဖြင့် သြဂုတ်လ (၇)ရက်တွင် ကစားမည့် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်၌ ပါဝင်ကစားဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ 

သို့သော် ဂွါဒီယိုလာက "ရီးယဲလ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အဂွဲရိုး ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ ရီးယဲလ်နဲ့ပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝနိုင်မယ်လို့ မဖြစ်နိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ရီးယဲလ်အသင်းကို အဝေးကွင်း၌ (၂-၁)ဂိုးဖြင့် အနိုင်ရထားပြီး ရီးယဲလ်ကို ကျော်ဖြတ်နိုင်ခဲ့ပါက လိုင်ယွန်-ဂျူဗင်တပ်စ်ပွဲမှ အနိုင်ရသည့်အသင်းနှင့် ကွာတားဖိုင်နယ်အဖြစ် ကစားရမည်ဖြစ်သည်။ 

အဂွဲရိုးသည် မန်စီးတီးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၃၂)ပွဲတွင် (၂၃)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent